(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရတဲ့ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးရဲ့ ပျက်စီးမှုများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရပါတယ်။
အခုလိုပြင်ဆင်ပေးရာမှာ မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ကျန်လမ်းပိုင်းများကို ပြင်ဆင် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရပါတယ်။
လက်ရှိမှာ ယာယီပြင်ဆင်ထားတဲ့ လမ်းပိုင်းများမှာ ခွင့်ပြု သတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားထားပါတယ်။
မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးတဲ့နေရာ ၂၈၃ နေရာ၊ လမ်းသားမပျက်စီးသော်လည်း လှိုင်းတွန့်များ ဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ ၁၈၅ နေရာအထိ ရှိခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews