​ညောင်ဦးမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးအား PDFအဖွဲမှ ဖမ်းဆီး

(မှုခင်း) ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ၊ တောင်ကုန်းကျေးရွာ၊တောင်ကုန်းဘုန်းတော်ကြီးကျောင်းမှကျောင်းထိုင်ဆရာတော်အား ယနေ့ နံနက်၇နာရီခွဲအချိန်ခန့်က အကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့နံနက် ၇နာရီ၂၅မိနစ် အချိန်ခန့်တွင် တောင်ကုန်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစိန္တိက သက်တော် ၆၀နှစ်၊ဝါတော် ၄၁ဝါ၊သည် ရဟန်း ၂ပါး၊ရှင်သာမဏေ ၂ပါးတို့နှင့် အတူရှိနေစဉ် အကြမ်းဖက် PDF ၆ဦးမှ သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ဆိုင်ကယ် ၄စီးဖြင့် မောင်းဂွတ်တောကျေးရွာဘက်မှ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဦးစိန္တိကအား မေးမြန်းစရာရှိသည်၊ပြန်လွှတ်ပေးမည်ဟုပြောဆိုကာ လာလမ်းအတိုင်း ခေါ်ဆောင်သွားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်PDFများမှ လုပ်ငန်းရှင်များ၊ စက်သုံးဆီပိုင်ရှင်များနှင့် ဝန်ထမ်းများ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ငွေကြေးများတောင်းယူခြင်းများ မကြာခဏပြုလုပ်လျက်ရှိိကြောင်း၊ ယခုတွင်လည်း ဆရာတော်အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို သိရှိရခြင်း မရှိကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။

#PAN