(မှုခင်း) ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်၊ရွာပုလဲကျေးရွာ၌ ကျေးရွာသား ၃ဦးအား အကြမ်းဖက် PDF များက သတ်ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဖြစ်စဥ်မှ ယနေ့ညနေ ၄နာရီ၁၀မိနစ် အချိန်ခန့်တွင် ရွာပုလဲကျေးရွာနေ ဦးခင်မောင်ကြည်၏နေအိမ်၌ သေဆုံးသူ ဦးခင်မောင်ကြည်၊သားဖြစ်သူ ကိုနိူင်လင်းစိန်(ခ)ကိုကိုနိူင်၊အိမ်နီးချင်း ဦးချင်းပို(ခ)ဦးကျော်ဆန်းတို့ အတူရှိနေစဥ် အကြမ်းဖက် PDF ၆ဦးခန့်သည်သေနတ်အတို/အရှည်များ ကိုင်ဆောင်လျက် ရွာ၏တောင်ဘက်၊တောင်တောကျေးရွာဘက်မှ ဆိုင်ကယ် ၄စီးဖြင့် ရောက်ရှိလာပြီး ဒလန်သတင်းပေးတွေဟု ပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးခင်မောင်ကြည်၊၆၅နှစ်၊(ဘ)ဦးတုတ်ခိုင်၊(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးကော်မတီဝင်)တွင် နဖူးမှဖောက်ဝင်ပြီး နောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ဦးခင်မောင်ကြည်၏ သားဖြစ်သူ ကိုနိူင်လင်းစိန်(ခ)ကိုကိုနိူင်၊၄၅နှစ်၊(ဘ)ဦးခင်မောင်ကြည်တွင် နဖူးမှဖောက်ဝင်ပြီး နောက်စေ့ပွင့်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊ဦးချင်းပို(ခ)ဦးကျော်ဆန်း၊၅၃နှစ်၊(ဘ)ဦးအုန်းရှင်၊(ပြည်ခိုင်ဖြိုးပါတီ၊ရပ်ကျေးဥက္ကဌ)တွင် ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ချက်၊ဦးခေါင်းကြေမွဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးနေကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင်အကြမ်းဖက်PDFအဖွဲ့မှ အုပ်ချုပ်ရေးအဖွဲ့စည်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အရပ်သားပြည်သူများအား ဒလန်ဟု စွတ်စွဲကာ နေ့စဥ်သတ်ဖြတ်ကာ ပစ္စည်းများ လုယက်ယူဆောင်လျက်ရှိနေကြောင်း၊ ယမန်နေ့တွင်လည်း အုပ်စုအုပ်ချုပ်ရေးမှူးနှစ်ဦးအပါဝင် အရပ်သားပြည်သူတစ်ဥ်ီးအား ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း သိရသည်။
#PAN