“ဂန်ဒိုဂန် အား ခေါ်ယူရန် ဂါလာတာစာရေးအသင်း ဆွေးနွေး”

(အားကစား) ဧပြီ ၁၂

ဂါလာတာစာရေးအသင်းက မန်ချက်စတာစီးတီးအသင်း ကွင်းလယ်ကစားသမား ဂန်ဒိုဂန် အား ခေါ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မန်ချက်စတာစီးတီးအသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဂါလာတာစာရေး အသင်းက ခေါ်ယူရန်ဆွေးနွေးလာခြင်း ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ကလည်း ယခုနှစ်ဘောလုံး ရာသီအကုန်တွင် မန်ချက်စတာစီးတီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အသင်းမှထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဂါလာတာစာရေးအသင်းအနေနဲ့ လာမည့်နွေရာသီ ဈေးကွက်အတွင်းတွင် ဂန်ဒိုဂန် အား ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#PAN