“သင်္ကြန်ကာလအတွင်း ရန်ကုန်မြိုတွင်း၌ YBS ယာဉ်လိုင်း ၆၀ ကျော်ဖြင့် ပြေးဆွဲပေးမည်”

(ပြည်တွင်း) ဧပြီ ၁၃

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း၌ ခရီးသွားလာရေးအဆင်ပြေရန် YBS ယာဉ်လိုင်း ၆၀ ကျော်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယာဉ်လိုင်း ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်း ၆၀ ကျော်ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကာ YRTC လက်အောက်ရှိ ခေတ်သစ်ဘုရင့်နောင်၊ Power Eleven Public ကုမ္ပဏီ၊ အမြင့်မြတ်ဆုံးအင်အားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ စံဝေလ၊ Pyay San Thu အစရှိတဲ့ ကုမ္ပဏီများအောက်ရှိ YBS ယာဉ်လိုင်းများက သင်္ကြန် ကာလအတွင်း ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

YRTC ရဲ့ စာရင်းများအရ ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)တွင် ယာဉ်လိုင်း ၆၅ လိုင်းမှ ယာဉ်အစီးရေ ၁,၂၆၉ စီး၊ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်အစီးရေ ၁,၁၉၂ စီး၊ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်အစီးရေ ၁,၁၈၇ စီးနဲ့ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့) တွင် ယာဉ်လိုင်း ၆၂ လိုင်းမှ ယာဉ်အစီးရေ ၁,၁၈၇ ဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN