နေပြည်တော်က Crypto Currency ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်ပြုလုပ်နေသူကို ဖမ်းဆီးရမိ

(မှုခင်း) ဧပြီ ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် နန်းအောအုပ်စု ဒိုးပင်ခုံကျေးရွာ အိမ်အမှတ် ၁၅၇ တွင် တရားမဝင် Crypto Currency ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ဧပြီ ၁၂ ရက်နေ့က ဇေယျာသီရိမြို့နယ် ဒိုးပင်ခုံကျေးရွာရှိ အဆင့်မြင့် အီလက်ထရောနစ် ဆက်သွယ်ရေးပစ္စည်းများတပ်ဆင်၍ Crypto Currency ဒီဂျစ်တယ်ငွေကြေး ရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်လျှက်ရှိသူများအားဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ဝင်ရောက်ဖမ်းဆီးရာတွင် နေအိမ်အတွင်းမှ ကမ္ဘာသုံးအဆင့်မြင့် အီလက်ထရောနစ်ဆက်သွယ်ရေးစက် အလုံး ၄၀ ၊ အမျိုးအစားစုံ ပါဝါဆပ်ပလိုင်း ၃၂ လုံး ၊ မီးစက် ၊ အအေးပေးစက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ပစ္စည်များနှင့်အတူ စက်ကိုင် နိုင်ထွန်း ၃၈ နှစ် ၊ အိမ်ပိုင်ရှင် မသင်းသင်းနွယ် ၂၉ နှစ် ၊ စက်ပိုင်ရှင် အောင်ကျော်မြင့် ၃၈ နှစ် (ရန်ကုန်မြို့ ဒေါပုံ ) ၊ တို့အား ဖမ်းဆီးရမိပြီး သက်ဆိုင်ရာက စစ်ဆေးလျှက်ရှိကြောင်း သိရသည် ။

Telegram – t.me/positiveanglenews

#PAN