ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာတို့ ပူးပေါင်း၍ ရေနမူနာများ ရယူစစ်ဆေး


(ပြည်တွင်း) ဧပြီ ၄

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရောဂါ ထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (China Centers for Disease Control and Prevention (CDC)) အဖွဲ့တို့ ပူးပေါင်း၍ နေပြည်တော်ရှိ ရေနမူနာများရယူစစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါလုပ်ငန်းစဉ်ကို ဧပြီလ ၂ ရက်က နေပြည်တော်ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၄၃၅၁) အနီးတဝိုက်နှင့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းတို့မှာ ရေနမူနာများရယူစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဒါ့အပြင် သုခသိဒ္ဓိတိုက်တန်းနှင့် အမှတ် (၉) အခြေခံပညာ အထက် တန်းကျောင်းတို့မှာ ယာယီခိုလှုံလျက် ရှိသော ဝန်ထမ်းများကို လက်သန့်ဆေးရည် (Hand Gel) များ ဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN