(ပြည်တွင်း) ဧပြီ ၄

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာအတွင်း ပိတ်မိနေသူများကို မြန်မာအမျိုးသမီး ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ပူးပေါင်းရှာဖွေကယ်ဆယ်လျက် ရှိကြောင်းသိရပါတယ်။
ငလျင်ဒဏ်ကြောင့် ဟိုတယ်အေးချမ်းသာ ၆ ထပ်အဆောက်အဦးရဲ့ အောက်ဆုံး ၂ ထပ် ပြိုကျ၍ ပိတ်မိနေသူ ၂ ဦးအနက် အမျိုးသား ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ မစ်ရှင်တစ်ခုမှာ ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါမစ်ရှင်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ အမျိုးသမီးရှာဖွေကယ်ဆယ်ရေးစွမ်းဆောင်ရှင်ဦးစီး အရာရှိ ဒေါ်လွင်လွင်သူ က ပူးပေါင်းရှာဖွေခဲ့ခြင်းလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ လာရောက်ကူညီကယ်ဆယ်နေသလို ပြည်တွင်း ကူညီကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက နေရာစုံမှာ ပူးပေါင်းပါဝင် ကယ်ဆယ်ရေးများ လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews