ပတ်စပိုစ့် အသစ် သို့မဟုတ် သက်တမ်းတိုးသည့်အခါ UID နံပါတ် ထုတ်ပေးထားကြောင်း အထောက် အထားလက်မှတ် ယူဆောင်လာရမည်ဟု လဝက ပြော

(ပြည်တွင်း) မတ် ၂၆

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကနေ မတ်လ ၁၉ ရက်နေ့မှာ ပတ်စပိုသက်တမ်းတိုး သိုမဟုတ် အသစ်လုပ်တာတွေမှာ အရပ်အခေါ် စမတ်ကတ်လို့ပြောနေကြတဲ့“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်ထုတ်ပေးထားသည့် UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်” ယူဆောင်လာရမည်ဆိုသည့် ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟု လဝက ဌာန၏ ပြောဆိုချက်အရ သိရသည်။

UID နံပါတ် မရှိသေးသော ပြည်သူများအနေဖြင့် UID နံပါတ်ရယူလိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားသည့်မြို့ကို ပြန်ပြီးလုပ်စရာမလိုပဲ လက်ရှိ ကိုယ်နေမြို့မှာရှိသည့် မြို့နယ်လ၀ကရုံးတွေမှာဖြစ်စေ၊ ရပ်ကွက်တွေမှာဆင်းပြီးပြုလုပ်ပေးနေတဲ့Mobile Team တွေမှာဖြစ်စေ UID နံပါတ်ကို အခမဲ့ ပြုလုပ်နိုင်ကြောင်းလည်း သိရသည်။

အစိုးရအဖွဲ့အစည်းများ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်သည့်အခါတွင် ယင်း UIDနံပါတ်အပေါ်တွင် အခြေခံပြီး ဆောင်ရွက်သွားကြတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် UID နံပါတ်မြန်မြန်ရလျှင် ယင်း အကျိုးကျေးဇူးကို မြန်မြန်ခံစားရနိုင်စေမှာဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကပြောဆိုထားသည်။

#PAN