ကလေးမြို့တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး ၃ ဦး သေဆုံး

(မှုခင်း) စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက် ည ၁၁ ကျော် နာရီကျော်အချိန်ခန့်တွင် ကလေးမြို့ တံတားဦးအနီး ဘဏ်ဘေးကပ်လျက်ရှိ နေအိမ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကလေးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် ည ၁၂ နာရီဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် အမျိုးသမီး ၃ဦး မီးလောင်သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦး၏ ရုပ်အလောင်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုညကုသလလူမှုကူညီရေးအသင်းနှင့် ကရုဏာလူမှုကူညီရေးအသင်းတို့က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်စဥ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN