မင်းလှ PPP မြို့နယ်ဥက္ကဋ္ဌ ပစ်ခတ်ခံရ


မတ် ၂၆

မင်းလှ PPP မြို့နယ်ဥက္ကဋ္ဌ ပစ်ခတ်ခံရ


မတ် ၂၆

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ယနေ့ တွင် ပဲခူးအနောက်ပိုင်း မင်းလှမြို့ စက်ကြီးတန်းလမ်းတွင်နေထိုင်သည့် ဦးမျိုးမြင့်အောင် (PPP)ပါတီ ဥက္ကဌအား PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးအနောက်ပိုင်း မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပါတီ၏ မြို့နယ်ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်အောင်သည် ၎င်း၏စျေးဆိုင်ခန်းတွင်ရှိနေစဥ် PDF အကြမ်းဖက်သမားများမှဝင်ရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမျိုးမြင့်အောင်အား PDF အကြမ်းဖက်များမှ သေနတ်ဖြင့် ၁၁ ချက် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဥ် ရရှိခဲ့သည့် သေနတ်ဒဏ်ရာဖြစ်သေဆုံးသွားကြောင်း သိရသည်။

PAN