ပြည်ခိုင်ဖြိုးအယောင်ဆောင် အကြမ်းဖက် ထောက်ပို့တစ်ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၁၂

      မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ် ကွက်တွင်နေထိုင်ပြီး ကြံ့ခိုင်ရေးအင်္ကျီဝတ်ကာ အကြမ်းဖက်အဖွဲ့များထံ ထောက်ပို့လုပ်နေသူတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေပိုင်းမှာ ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရပါ သည်။

      ဖမ်းဆီးရမိသူက သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ် ကွက်မှာနေထိုင်ကာ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သည့် မြသန်း(ခ)ဆရာစံ ဆိုသူဖြစ်ပြီးသတင်း အရ ၎င်းကို ခေါ်ယူစစ်ဆေးရာ တပ်မတော်မှအာဏာထိန်းပြီးနောက် သံဖြူဇရပ်မြို့ပေါ် တရားမဝင် ဆန္ဒပြ ပွဲများတွင် ပါဝင်ခဲ့ရာမှ အကြမ်းဖက် PDF အဖွဲ့များအတွက် သံဖြူဇရပ်မြို့ပေါ်တွင် ထောက်ပံ့ငွေများ လိုက်လံကောက်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

       ဆက်လက်စစ်ဆေးရာ၌လည်း ၂၀၂၃ ခုနှစ်၊ ဇန်န ဝါရီလအတွင်းက ရေးမြို့နယ် YPDF အဖွဲ့ထံကနေ GLOCK ပစ္စတို ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ်(၂)ခု၊ ZORAKI M-906-TD ပစ္စတို ၁ လက်၊ ကျည် ၃၀ တောင့်၊ ကျည်အိမ် ၁ ခု ဝယ်ယူခဲ့ကြောင်း သိရသည်။

      အလားတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လတွင် RETAY 84 FS ပစ္စတို ၁ လက်၊ကျည် ၁၄ တောင့် ၊ ကျည်အိမ် ၂ ခု ဝယ်ယူခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင် ဘာ ၁၁ ရက်နေ့တွင်လည်း ၉ လုံးကျည် သေနတ် ၁ လက်နှင့် ကျည် ၂၅ တောင့်တို့ကို ဝယ်ယူလက် ခံခဲ့ကြောင်း ထပ်မံပေါ် ပေါက်ခဲ့သဖြင့် တရားခံ မြသန်း (ခ)ဆရာစံ ဆိုသူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀ (ည)/၅၀(ဈ)/၅၂(က)နဲ့ အမှုဖွင့်အရေးယူထားသည်ဟု သိရပါသည်။

#PAN