အမြန်လမ်းတွင် ရတနာခရီးသည်တင်ယာဉ် ဘီးပေါက်ကာ ကွန်ကရစ်နံရံနှင့် ပွတ်တိုက်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၆၈/၅ နှင့် ၆၈/၆ ကြား၌ ယနေ့ စက်တင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က ခရီးသည်တင်ယာဉ်တစ်စီး နောက်ဝဲဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ ကွန်ကရစ်နံရံများနှင့် ပွတ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် 9I/9198 YUTONG အမျိုးအစား ရတနာခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၆၈/၅-၆၈/၆ အကြားအရောက် နောက်ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ကွန်ကရစ်နံရံများကို ပွတ်တိုက်ကာ လက်ဝဲဘက်ယာဉ်ကြောတွင် ရပ်တန့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ကျား ၄ ဦး၊ မ ၃ ဦး စုစုပေါင်း ၇ ဦး လိုက်ပါလာသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးရန်၊ လူအားလုံးထိုင်ခုံခါးပတ်ပတ်ရန်၊ သတ်မှတ်လူဦးရေထက်ပိုမတင်ရန်၊ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းအောက်၌သာမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။