ကျောက်တံခါးမြို့နယ်တွင် ဦးခေါင်း နှစ်လုံးပါရှိသော နွားတစ်ကောင်မွေးဖွား


ဖေဖော်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ စဥ့်ရိုးခင်ကျေးရွာနေ တောင်သူ ဦးကျော်ဝင်း ပိုင်ဆိုင်သောနွားမကြီးမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဦးခေါင်း နှစ်လုံးပါရှိသော နွားထီးငယ်တစ်ကောင်အား မွေးဖွားခဲ့ပြီး အဆိုပါနွားထီးငယ်သည် မွေးဖွားပြီး နာရီဝက်ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ဆေးကုသက်တမ်း နှစ်ပေါင်းသုံးဆယ်ကျော်မှာ သုံးကြိမ်လောက်ပဲကြုံဖူးတယ် ဒီလိုဦးခေါင်းနှစ်လုံးပါတဲ့နွားပေါက်လေးတွေ သုံးကြိမ်ပဲကြုံဖူးတယ် တစ်ကောင်မှ အသက်မရှင်ဘူး အခုလဲမွေးပြီး နာရီဝက်လောက်မှာ သေသွားပါတယ် နွားအထီးလေးပါ”ဟု ဒေသခံတိ/မွေးကုဆရာ တစ်ဦးမှ အတည်ပြု ပြောဆိုခဲ့သည်။

#PAN

Telegram link

https://t.me/positiveanglenews