

(မှုခင်း) စက်တင်ဘာ ၂၃
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်-မန်းလမ်းဟောင်းပေါ် မိုင်တိုင်အမှတ်(၂၃၄/၈) ကြားတွင် မော်တော်ယာဥ် နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၂၃ နံနက်၁၀နါရီအချိန်က ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ ယာဉ်မောင်း ဦးဝေဇင်ဖြိုး၊ ၂၄နှစ်(ဘ)ဦးမြင့်လွင်၊ တပင်ရွှေထီးရပ်ကွက်၊ မြို့သစ်မြို့နယ်၊ ပဲခူးတိုင်းနေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် MDY-27/6N-…..၊ Toyota Toyoace အမျိုးအစားအဖြူရောင်ယာဉ်နှင့် တပ်ကုန်းမှ ပျဉ်းမနားဘက်သို့ ယာဉ်မောင်း ဦးထွန်းနိုင်၊ ၅၉နှစ်(ဘ)ဦးသောင်းမြင့် ၊ ပုပ္ပါးကုန်းရပ်ကွက်၊ ဇေယျာသီရိမြို့နယ်နေသူမောင်းနှင်လာသည့် Loujia 110အမျိုးအစားအနက်ရောင်ယာဉ်သည် သမက/ခုတင်(၃၀၀) လမ်းအတွင်းသို့ဖြတ်ချိုးစဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးထွန်းနိုင်တွင် ဦးခေါင်းကွဲ၊ ဘယ်/ညာ လက်ကျိုး၊ နှာခေါင်းသွေးထွက်ရရှိခဲ့သဖြင့် လူမှု့ကရုဏရှင်အသင်းယာဉ်ဖြင့် ခုတင်-၁၀၀၀(ဇဗ္ဗူ)သို့ပို့ဆောင်ထားကြောင်း သိရသည်။