

(မှုခင်း)စက်တင်ဘာ ၂၃
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေအုပ်စု၊ မိုးစွေကျေးရွာအနီး သုံးထပ်ကွေ့ နေပြည်တော်- တောင်တွင်းကားလမ်း မိုင်တိုင် ၂၇/၀ မိုင် အနီးတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၃ နံနက် ၈နာရီအချိန်က နေပြည်တော် တောင်းတွင်းကားလမ်း မိုင်တိုင် ၂၇ /၀ တွင် ယာဥ်မောင်း ချမ်းသာ ၃၇ နှစ်၊ (ဘ) ဦးကျော်နိုင်း၊ ဝပ်စုကျေးရွာ ၊ မောင်းရမ်းအုပ်စု၊ ဥတ္တရသ်ိရမြို့နယ်နေထိုင်သူ မောင်းနှင်လာသည့် အုတ်များတင်ဆောင်ထားသည့် ၉ဌ / ၁၃၂၀၇ Lifan Faw အပြာရောင် ၆ ဘီးယာဥ်သည် နေပြည်တော်မှ တောင်းတွင်းကားလမ်းအတိုင်း မောင်းနှင်လာစဥ် မိုးစွေရွာအနီး ၃ ထပ်ကွေ့ အဆင်းတွင် ဘရိတ်ပေါက်ကာ လမ်းညာဘက် သိူ့ တိမ်းမှောက်သွားကြောင်း သိရသည်။



အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား၃ ဦး၊ အမျိုး၂ဦး စုစုပေါင်း ၅ဦး အနက် ကိုကျော်ခိုင်(၄၀)နှစ်၊ ငန်းစပ်ကျေးရွာနေသူသည် ဦးခေါင်းပေါက်ပြဲဒါဏ်ရာ ၊ မသီတာလင်း(၃၅)နှစ်ခန့်၊ စည်သာအေးကျေးရွာနေသူသည် ညာခြေထောက်ပွန်းပဲ့၊ ၊ မဇင်မာဝေ(၂၅)နှစ်ခန့်၊ ဝပ်စုကျေးရွာနေသူသည် ညာမျက်ခုံံးပေါက်ပြဲဒါဏ်ရာ များရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရာရှိသူများအား တောင်ညို တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ယာဥ်မောင်းဖြစ်သူ ချမ်းသာအား အမှုဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရ်ှကြောင်း သိရသည်။