![](https://positiveanglenews.com/storage/2023/07/09690000-0a00-0242-9d91-08da65c9723f_w1080_h608_s-1024x576.jpg)
![](https://positiveanglenews.com/storage/2023/07/312455928_494767946045996_3362941494597307095_n.jpg)
ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊လိပ်ချင်းကျေးရွာတွင် မောင်သက်နိုင်၊ ၃၀ နှစ်၊ (ဘ) ဦးခင်မောင်ထွေး ၎င်းပိုင်လယ်တွင်ရှိနေစဥ် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါကျေးရွာမှ အကြမ်းဖက်သောင်းကျန်းသူ PDF များက စပါးရိတ်စက်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။
အလားတူ ယမန်နေ့ ၁၁ နာရီအချိန်ခန့်တွင်ရွှေဘိုမြို့၊အနောက်စျေးရပ်ကွက်ရှိ ရွှေဘုံရတနာမဂ်လာနန်းတော်၌ တပ်မတော်သားများ သန့်ရှင်းရေးဆောင်ရွက်နေစဥ် အကြမ်းဖက်သောင်းကျန်း သူ PDF များက ဗုံးဖောက်ခွဲခဲ့ကြောင်းနှင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။
ထိုပြင် ယနေ့မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် အင်းတော်မြို့နယ်၊ နံ့သာကျေးရွာနေသူ ဦးဝင်းကြိုင်၊ ၄၂ နှစ်နှင့် အောင်းကုန်းကျေးရွာနေသူ ဦးသာထူး၊ ၄၀ နှစ်တို့သည် အောင်းကုန်း-သက္ကယ်ကျင်းကျေးရွာသွားကားလမ်းပေါ်တွင် ဖောကားဖြင့် စပါးသယ်ယူပြီးပြန်လာခဲ့ရာ လမ်းတွင်ကားပျက်၍ ပြုပြင်နေစဥ် အကြမ်းဖက်သောင်းကျန်း သူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးကာကျောက်အိုးကျေးရွာ NUG သင်တန်းကျောင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါ သည်။
#PAN