ရွှေကူမြို့အနီး ဧရာဝတီမြစ်ကြောင်း တစ် လျှောက်အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့၏ ခွင်ပြုချက်ဖြင့် ရွှေစက်လှေ‌များ ရွှေမျှောမောင်းနေသဖြင့် မြို့ခံ ဆရာ တော်၊သံဃာတော်ကြီးများနှင့် ပြည်သူများက တားမြစ်ပိတ်ပင်ပေးစေလို

ဇူလိုင် ၁၂

     ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကျွန်းတောကျေးရွာ၊ အထက်ဖက်မှ နောင်မိုကျေးရွာကြားတွင်လည်ကောင်း၊ အမှတ်(၄)ရပ်ကွက်၊ ရေပျံလေးရပ်တည့်တည့် ဧရာဝတီမြစ်အတွင်း တွင်လည်းကောင် ရွှေစက်လှေ‌မော်တော်များ နေ့ /ညမပြတ် ‌ရွှေမျှောမောင်းနေကြောင်း ဒေသခံပြည်
သူများထံမှ ကြားသိရပါသည်။

        ထိုသို့ မြို့အနီးတွင် ရွှေစက်လှေများ နေ့ /ညမပြတ်မောင်းနေသောကြောင့် စက်သံများဆူညံနေပြီး ညအိပ်မရကြောင်း၊ မြစ်ကမ်းဘာများပြိုကြပျက်စီးကြောင်းကြားသိရပါသည်။ ထိုသို့
ရွှေစက်လှေများမောင်းခွင်ရရန် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့ ကို ဒရုန်းများဝယ်ပေးခြင်း၊ ရိက္ခာများ၊ ဆက်ကြေးငွေများထောက်ပံ့ထားသောကြောင့် ရွှေစက်လှေအဖွဲ့ကို  အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF အဖွဲ့များက ကြည့်ရှုစောင့်ရှောက်ကာကွယ်ပေးထားကြောင်း သိရှိရပါသည်။

        ယခုလို မြို့အနီးအနားတွင် ဥပဒေမဲ့ ဧရာဝ တီမြစ်အတွင်း ရွှေစက်လှေများမောင်းနှင်နေမှုကို
တာဝန်ရှိသူအဆင့်ဆင့်က တားမြစ်ပိတ်ပင်ပေး
ရန် မြို့နယ်တွင်းရှိ ဆရာတော်၊သံဃာတော်ကြီးများနှင့် ပြည်သူများကလိုလား‌နေကြောင်း မြို့ခံပြည်သူများမှ သတင်းပေးပို့လာပါသည်။

#PAN