“ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ပရာရွတ်က နိုင်ငံရေးလောက မှ အနားယူတော့ မည်ဖြစ်ကြောင်းထုတ်ပြန် ကြေညာခဲ့”

ဇူလိုင် ၁၂

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ချန်အိုချာ က သူသည် နိုင်ငံရေးလောက မှအနားယူတော့ မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းကာ အာဏာရယူခဲ့ပြီး ၉နှစ်အကြာမှာ ပြောကြားခဲ့ တာလည်း ဖြစ်ပါတယ်။

ထို့နောက် ထိုင်းဝန်ကြီးချုပ် ပရာရွတ်က လောလောဆယ်မှာ ယာယီအားဖြင့်တေထိုင်းအစိုးရအနေဖြင့် အုပ်ချုပ်ပေးမယ်လို့လည်း ကတိပေး ပြောကြားထားပါတယ်။

ထိုင်း စစ်တပ်၏ ကျောရိုးဖြစ်သည့်တ ယူနိုက်တက်ထိုင်း နေရှင်းပါတီဟာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့သည့် ထိုင်း နိုင်ငံ ရွေးကောက်ပွဲတွင် အမတ်နေရာ ၅၀၀ နေရာ မှာ ၃၆ နေရာသာရရှိခဲ့ပြီးနောက် အခုလို ကြေညာခဲ့တာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံရေးသုံးသပ်သူ တော်တော်များများက ပြောဆိုနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် က ထိုင်း အစိုးရသစ် ဖွဲ့ပြီးသည်အထိ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အဖြစ်ဆက်ရှိနေဦးမှာလည်းဖြစ်ပါတယ်။

ထိုင်းစစ်တပ်၏ ဦးစီးချုပ်ဟောင်းတစ်ဦးလည်း ဖြစ်ပြီး ထိုင်း ဘုရင်စနစ်ကို အခိုင်အမာယုံ ကြည်ထားတဲ့သူဖြစ်သည့် ပရာရွတ် ဟာ ပြီးခဲ့သည့် ၂၀၁၉ရွေးကောက်ပွဲတွင် ထိုင်း ပါလီမန်က ၎င်းကို ထိုင်းဝန်ကြီးချုပ်အဖြစ် မရွေးခင် အချိန်အထိ ထိုင်းစစ်တပ်ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

“ ကျနော်ဟာ ဝန်ကြီးချုပ်အဖြစ် ချစ်မြတ်နိုးရဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် နိုင်ငံတော်၊ဘာသာနှင့် ဘုရင်စနစ်ကို ကာကွယ်ပေး ခဲ့ပါတယ်။ အဆိုပါ ရလာဒ်ဟာ လက်ရှိမှာ ထိုင်းပြည်သူတွေအတွက် အသီးအပွင့် ဖြစ်ထွန်းနေပါပြီ” လို့ ၎င်းက ထပ်လောင်း ပြောဆိုခဲ့ပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။