(မှုခင်း) သြဂုတ် ၂၂
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ မြို့ရှောင်လမ်းတွင် မော်တော်ယာဥ်ဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူတစ်ဦးအား စိတ်ကြွဆေးပြားများအတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဩဂုတ်လ ၂၁ ရက်နေ့ နံနက်၁၀နါရီခွဲ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မြို့ရှောင်လမ်းတွင်မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မင်ရှုကိုင်း မောင်းနှင်လာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁၈,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သသည်။
အဆိုပါ စိတ်ကြွဆေးပြားများသယ်ဆောင်လာသူ မင်ရှုကိုင်း(၃၂)နှစ်အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN