ရွှေဘိုမြို့နယ်နှင့် အင်းတော်မြို့နယ် တို့တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဗုံးဖောက်ခွဲခြင်းစသည့် အကြမ်းဖက်မှုများပြုလုပ်

ဇူလိုင် ၁၂

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊လိပ်ချင်းကျေးရွာတွင် မောင်သက်နိုင်၊ ၃၀ နှစ်၊ (ဘ) ဦးခင်မောင်ထွေး ၎င်းပိုင်လယ်တွင်ရှိနေစဥ် ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါကျေးရွာမှ အကြမ်းဖက်သောင်းကျန်းသူ PDF များက စပါးရိတ်စက်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

      အလားတူ ယမန်နေ့ ၁၁ နာရီအချိန်ခန့်တွင်ရွှေဘိုမြို့၊အနောက်စျေးရပ်ကွက်ရှိ ရွှေဘုံရတနာမဂ်လာနန်းတော်၌ တပ်မတော်သားများ သန့်ရှင်းရေးဆောင်ရွက်နေစဥ် အကြမ်းဖက်သောင်းကျန်း သူ PDF များက ဗုံးဖောက်ခွဲခဲ့ကြောင်းနှင့် လူ၊တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

     ထိုပြင် ယနေ့မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် အင်းတော်မြို့နယ်၊ နံ့သာကျေးရွာနေသူ ဦးဝင်းကြိုင်၊ ၄၂ နှစ်နှင့် အောင်းကုန်းကျေးရွာနေသူ ဦးသာထူး၊ ၄၀ နှစ်တို့သည် အောင်းကုန်း-သက္ကယ်ကျင်းကျေးရွာသွားကားလမ်းပေါ်တွင် ဖောကားဖြင့် စပါးသယ်ယူပြီးပြန်လာခဲ့ရာ လမ်းတွင်ကားပျက်၍ ပြုပြင်နေစဥ် အကြမ်းဖက်သောင်းကျန်း သူ KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီး​ကာကျောက်အိုးကျေးရွာ NUG သင်တန်းကျောင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိပါ သည်။

#PAN