(မှုခင်း) သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ညနေ၆နာရီခွဲ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာအနီးတွင် သန့်ဇင်ဦး(ခ)အငယ်ကောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၁၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်ဖော်ထုတ်ချက်အရ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်၁၀နာရီကျော်အချိန် အဆိုပါစိတ်ကြွဆေးပြားများရောင်းချသူ ဇေယျာလင်း(ခ)စိုင်းလုံ အား ပြင်ဦးလွင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူ သန့်ဇင်ဦး(ခ)အငယ်ကောင် နှင့် ဇေယျာလင်း(ခ)စိုင်းလုံ(၃၉)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN