သထုံမြို့ ဆင်ဖြူကျွန်းတံတားပေါ်မှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေထဲခုန်ချသေဆုံး

(မှုခင်း) စက်တင်ဘာ ၅

မွန်ပြည်နယ်၊ သထုံမြို့၊ ဆင်ဖြူကျွန်းကျေးရွာရှိ ဆင်ဖြူကျွန်းတံတားပေါ်မှ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေထဲခုန်ချ၍ သေဆုံးမှု စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံများနှင့် သေဆုံးသူ၏ မိသားစုဝင်များ၏ ပြောပြချက်အရ သေဆုံးသူမှာ ဒေါ်အေးသန်းဖြစ်ပြီး ဆင်ဖြူကျွန်းလမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

၎င်းသည် ယခင်က ဈေးရောင်းလုပ်ကိုင်ခဲ့သူဖြစ်သော်လည်း လက်ရှိတွင် ကျန်းမာရေးချို့တဲ့ပြီး မျက်စိအာရုံလည်း အားနည်းနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရပ်မိရပ်ဖများနှင့်နာရေးကူညီမှုအသင်းတို့ ရောက်ရှိလာပြီး သေဆုံးသူ၏ ရုပ်အလောင်းကို သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။