(ပြည်တွင်း) အောက်တိုဘာ ၂၀
အခရာ (ရန်ကင်းဆိုင်) နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် အထင်အမြင်လွဲမှားစေသည့် သတင်းများ ပျံ့နှံ့နေကြောင်း အခရာမိသားစုက အောက်တိုဘာ ၁၉ ရက်တွင် စားသုံးသူမိဘပြည်သူများထံ အသိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါအသိပေးချက်တွင် အောက်တိုဘာ ၁၈ ရက်မှစတင်၍ လူမှုကွန်ရက်စာမျက်နှာများ၌ အခရာ (ရန်ကင်းဆိုင်) နှင့်ပတ်သက်သည့် အထင်အမြင်လွဲမှားစရာ သတင်းများ ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထိုသို့ နားလည်မှုလွဲမှားခြင်းများကို အခရာဆိုင်များတွင် ရောင်းချနေသည့် စားသောက်ဖွယ်ရာစာရင်းများနှင့် အခရာ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ကြောင်းလည်း အသိပေးထားသည်။
အခရာမိသားစုသည် ကံနှင့်ကံ၏အကျိုးကို ယုံကြည်သူများဖြစ်သည့်အတွက် အခြားသူများ၏ နေအိမ်နှင့် အဆောက်အအုံများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် တောင်းဆိုခဲ့ခြင်း မရှိကြောင်း ရှင်းလင်းထားသည်။
ထို့အပြင် ဆွမ်းလောင်းဓမ္မာရုံ တည်ရှိရာနေရာသည် အခရာ (ရန်ကင်းဆိုင်) ၏ နယ်နိမိတ်နှင့် တစ်ဆက်တစ်စပ်တည်းတွင် တည်ရှိသော်လည်း ကားရပ်နားရန်နေရာအဖြစ် အသုံးပြုရန် သင့်တော်သည့်နေရာမဟုတ်ကြောင်း အခရာမိသားစုက အသိပေးထားသည်။
အဆိုပါထုတ်ပြန်ချက်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းများနှင့်ပတ်သက်၍ အခရာမိသားစုဘက်မှ ၎င်းတို့၏ ရပ်တည်ချက်နှင့် ရှင်းလင်းချက်ကို စားသုံးသူမိဘပြည်သူများထံ အသိပေးခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN