ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဩဂုတ်၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၊ ၃၄လမ်း ၊ ၃၄x၃၅လမ်းကြားတွင် သြဂုတ် ၆ရက်နေ့ နံနက်အစောပိုင်း ၀၀:၅၂နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ နံနက် ၀၂နာရီ ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဆုံးရှုံးပျက်စီးမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN