အေးသာယာဆည်တွင် ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) သြဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ အေးသာယာဆည် ဘောင်ပေါ်တွင် ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်၊ ည ၉ နာရီခွဲခန့်က အေးသာယာ ဆည်ဘောင်ပေါ်တွင်၊ ရပ်ကွက် (၈) နေ ဟိန်းသူအောင်နှင့် ရပ်ကွက် (၇) နေ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏတို့ နှစ်ဦးသည် စကားများရန်ဖြစ်ခဲ့ပြီး ရှိုင်းဝဏ္ဏအောင်(ခ)ဝဏ္ဏ မှ ဟိန်းသူအောင်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဓားထိုးခံရမှုကြောင့် ဟိန်းသူအောင်တွင် ဝမ်းဗိုက် ၃ လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး တောင်ကြီး မြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးနေစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သေဆုံးမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ရှိုင်းဝဏ္ဏအောင် (ခ) ဝဏ္ဏ အား အေးသာယာနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN