(မှုခင်း) သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သံသေကျေးရွာတွင် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၅ ရက်၊ မွန်းလွဲ၃ နာရီအချိန်ခန့်က ရွှေညောင်မြို့၊ သံတဲကျေးရွာအုပ်စု၊ သံသေကျေးရွာနေ ဦးကြည်ဟိန်း ၏ နေအိမ်တွင် မူးယစ် ဆေးဝါးများ သုံးစွဲ/ရောင်းဝယ်နေကြောင်း သတင်းအရ ရွှေညောင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များဝင်ရောက်ရှာဖွေခဲ့ရာ ဦးကြည်ဟိန်းအား နေအိမ်တွင် တွေ့ရပြီး ၎င်းနေအိမ်၏ မီးဖိုချောင်ဝင်ပေါက်ဘေးရှိ သွပ်ကာ တန်းဘောင်ပေါ်တွင် သိုဝှက်သိမ်းဆည်းထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား ၅၀ အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား သုံးစွဲရန်နှင့် ရောင်းချရန် လက်ဝယ်ထားရှိသူ ဦးကြည်ဟိန်း အား ရွှေညောင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN