
(နိုင်ငံတကာ) ဇူလိုင် ၁၁
အမေရိကန်ပြည်ထောင်စု၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေးတပ်ဖွဲ့များ အဆင့်ဆင့် ရုပ်သိမ်းရေးဆိုင်ရာ မူဘောင်သဘောတူညီချက် ရရှိထားသော်လည်း လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး ၏ ဒရုန်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိဘဲ သောကြာနေ့တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။
သောကြာနေ့က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုတွင် လက်ဘနွန်နိုင်ငံ ကာဖာရူမန်မြို့၌ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးကို အစ္စရေးဒရုန်းက ပစ်မှတ်ထား တိုက် ခိုက်ခဲ့ရာ ၎င်းမှာ နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ထို့ပြင် တောင်ပိုင်းဒေသရှိ တူညီသောနေရာတွင်ပင် ယာဉ်တစ်စီးကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အလားတူ နာဘာတီခရိုင်တွင်လည်း အမှိုက်သယ်ယူနေသည့် ထရပ်ကားတစ်စီးကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ (NNA) က ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ Amnesty Intern-ational က အပြင်းအထန် ဝေဖန်ခဲ့ပြီး မတ်လအတွင်း ကလေးငယ် ၁၂ ဦးအပါအဝင် အရပ်သား ၂၄ ဦး သေဆုံးခဲ့ရသည့် အစ္စ ရေး၏ တိုက်ခိုက်မှုများကို စစ်ရာဇ ဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အစ္စရေးအပေါ် လက် နက်တင်ပို့မှုများ ချက်ချင်းပိတ်ပင်ရန်နှင့် တာဝန်ရှိသူများကို အရေးယူရန် လိုအပ်ကြောင်း Amnesty က တိုက်တွန်းခဲ့သည်။
အမေရိကန်၏ ကြားဝင်မှုဖြင့် ဇွန်လ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်တွင် အစ္စရေးတပ်များအား လက်ဘနွန်တောင်ပိုင်းမှ အပြီးသတ် ရုပ်သိမ်းရန် အတိအကျ မပါဝင်သလို၊ အစ္စရေးဘက်ကလည်း လို အပ်သည်ဟု ယူဆသည့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အရိပ် အယောင်ပြနေသည်။
သို့သော်လည်း အစ္စရေးထုတ်လွှင့်ရေးအာဏာပိုင်ဌာနက သောကြာနေ့တွင် ဖော်ပြချက်အရ အမေရိကန်၏ ဖိအားပေးမှုကြောင့် လက်ဘနွန်တောင်ပိုင်းတွင် “ထိခိုက်လွယ်သော စစ်ဆင် ရေးများ” မလုပ်ဆောင်ရန် အစ္စရေးအစိုးရက စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် လက်ဘနွန်တို့အကြား နောက်ထပ်ဆွေးနွေးပွဲများကို ရောမမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် လာမည့်အပတ်တွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ စမ်းသပ်နယ်မြေများဟုခေါ်ဆိုသည့် နေရာများမှ စတင်ရုပ် သိမ်းရန် မျှော်လင့်ရကြောင်း အစ္စရေး ပြည်သူ့ထုတ်လွှင့်ရေးဌာနက ထပ် လောင်းဖော်ပြခဲ့သည်။
မတ်လ ၂ ရက်မှစ၍ လက်ရှိအချိန်အထိ အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် လက်ဘနွန်နိုင်ငံတွင် သေဆုံးသူ ၄,၃၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၁၂,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်သည်။ လာမည့်အပတ်တွင် ရောမမြို့၌ အစ္စရေးနှင့် လက်ဘနွန်တို့ နောက်ထပ်ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်ထားပြီး၊ ထိုအချိန်တွင် စမ်းသပ်နယ်မြေအချို့မှ အစ္စရေးတပ်များ စတင်ရုပ်သိမ်းရန် မျှော်လင့်ရသည်။
Telegram»… https://t.me/positiveanglenews
#PAN