
(နိုင်ငံတကာ) ဇူလိုင် ၁၁
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ခရာမာတောစ်နှင့် ဇာပိုရစ်ဇ်ဇီးယားမြို့များသို့ ရုရှားတပ်ဖွဲ့များက လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဆယ်ကျော်သက်တစ်ဦးအပါအဝင် အရပ် သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိများက သောကြာနေ့တွင် အတည်ပြုပြောကြား သည်။
ခရာမာတောစ်မြို့ရှိ လူနေအဆောက်အအုံများနှင့် နေ အိမ်များပေါ်သို့ ဗုံးခုနစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဥရောပ၏ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ရှိရာ ဇာပိုရစ်ဇ်ဇီးယားမြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှုကြောင့် နေအိမ်တစ်ဒါဇင်ကျော် ပျက်စီးခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ရုရှားတပ်ဖွဲ့များသည် အဆိုပါမြို့၏ ၂၀ ကီလိုမီတာအကွာအဝေးအထိ ချဉ်းကပ်ရောက်ရှိနေပြီဖြစ်သည်။
အလားတူ ယူကရိန်းစစ်တပ်ဘက်မှလည်း ရုရှား၏ စစ်ရေးစွမ်းအားကို လျော့ကျစေရန် ရည်ရွယ်၍ သောကြာနေ့က ယူကရိန်းစစ်တပ်သည် ရုရှား၏ အဓိကရေနံချက်စက်ရုံ နှစ်ခု၊ ရေနံတင်သင်္ဘောဆိပ်ကမ်းတစ်ခုနှင့် သိုလှောင်ရုံတစ်ခုအပြင် အာ့ဇော့ပင်လယ် (Sea of Azov) ရှိ ရေနံတင် သင်္ဘော ၁၀ စင်းကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရုရှားတောင်ပိုင်းတွင် အကြီးဆုံးဖြစ်သည့် ခရက်စ်နိုဒါ (Krasnodar) ဒေသရှိ Ilsky ရေနံချက်စက်ရုံတွင် မီးလောင် ကျွမ်းခဲ့ပြီး လီနင်ဂရက်ဒေသရှိ Ust-Luga ရေနံချက်စက်ရုံကိုလည်း တိုက်ခိုက်ခဲ့ကြောင်း စစ်ဦးစီးချုပ်ရုံးက Telegram တွင် ဖော်ပြသည်။ ယင်းတို့နှစ်ခုလုံးသည် ယူကရိန်း၏ ပုံမှန်ပစ်မှတ်များဖြစ်သည်။
ရော့စတော့ဗ် (Rostov) ဒေသရှိ ရေနံဆိပ်ကမ်းတစ်ခုနှင့် ရေနံသိုလှောင်ရုံတစ်ခုတို့ကိုလည်း တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုများနှင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယူကရိန်းသည် ရုရှား၏ လောင်စာဆီ ပံ့ပိုးမှုလမ်း ကြောင်းကို ဖြတ်တောက်ရန်နှင့် ခရိုင်းမီးယားကျွန်းဆွယ်ကို အထီးကျန်ဖြစ်စေရန် ရည်ရွယ်၍ ဤကဲ့သို့ “ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ ပိတ်ဆို့မှု” (Logistics lockdown) နည်းဗျူဟာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာသည်။
ယခုကဲ့သို့ စွမ်းအင်အခြေခံအဆောက်အအုံများ ပစ်မှတ်ထားခံရမှုကြောင့် ရုရှားတွင် လောင်စာဆီပြတ်လပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ရုရှားဒုတိယဝန်ကြီးချုပ်၏ အဆိုအရ ရေနံချက်စက်ရုံများ ပြုပြင်ရန် လိုအပ်နေသဖြင့် ဓာတ် ဆီနှင့် ဒီဇယ်ဆီတင်ပို့မှုကို ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။
ရုရှားလူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ယခုလောင်စာဆီအကျပ်အတည်း၏ သက်ရောက်မှုကို ခံစားနေရပြီး၊ သမ္မတပူတင်ကလည်း ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် လောင်စာဆီပြတ်လပ်မှုများ ရှိနေကြောင်း ဝန်ခံထားသည်။
Telegram»… https://t.me/positiveanglenews
#PAN