ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်ခဲ့သည့် ဝန်ထမ်း ၁၂ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

(စီးပွားရေး) အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းရှိ “777” ပလတ်စတစ်စက်ရုံနှင့် စမ်းချောင်းမြို့နယ်ရှိ Royal Khattar Hotel တို့တွင် တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုများကို ကွင်းဆင်းစစ်ဆေးဖော်ထုတ်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၂ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ပြီး နစ်နာခဲ့သည့် ဓာတ်အားခများ ပြန်လည်ရရှိရေးနှင့် ဓာတ်အားဆုံးရှုံးမှု (Losses) လျှော့ချရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်း ၁၂ ဦးကို ပြည်ထောင်စုဝန်ကြီးက ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN