
(နိုင်ငံတကာ) ဇူလိုင် ၈
အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ကာတာနှင့် ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောများအပါအဝင် ကုန် သွယ်ရေးသင်္ဘောသုံးစီး တိုက်ခိုက်ခံရအပြီးတွင် အမေရိကန်စစ်တပ်က အီရန်နိုင်ငံတောင်ပိုင်းရှိ မဟာဗျူဟာမြောက် နေရာအတော်များများကို လေကြောင်းမှ “ပြင်းထန်သော တိုက်ခိုက်မှုများ” စတင်ပြုလုပ်လိုက်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ကြေညာလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝါရှင်တန်သည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကမှ အီရန်နှင့် ချုပ်ဆိုထားသည့် ယာယီငြိမ်း ချမ်းရေး နားလည်မှုစာချွန်လွှာ (MoU) ကို ဖျက်သိမ်းကာ အီရန်ရေနံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကင်း လွတ်ခွင့်ကိုပါ ချက်ချင်းပြန်လည်ရုပ်သိမ်းလိုက်သဖြင့် ဒေသတွင်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာမည့်အရေး စိုးရိမ်မှုများ မြင့်တက်နေသည်။
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဟော်မုဇ်ရေလက်ကြားကို အပေါ်စီးမှ ထိန်းချုပ်ထားသည့် အီရန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဆီရစ်ခ် (Sirik)၊ ကက်ရှမ် (Qeshm) ကျွန်းနှင့် ဘန်ဒါအာဘတ်စ် (Bandar Abbas) မြို့အနီးတစ်ဝိုက်တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် အီရန်၏ လေကြောင်းကာ ကွယ်ရေးစနစ်များ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်များ၊ ဝေဟင်ပစ်ဒုံးကျည်များနှင့် ဒရုန်းလွှတ်တင်သည့်နေရာများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက အတည်ပြုသည်။ ဆီရစ်ခ်ဆိပ်ကမ်း ကုန်သွယ်ရေးဆိပ်ခံတံတားများ ထိမှန်မှုကြောင့် ဗုံးဆွဲစင်ကာ လူအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြ သည်။
ပြီးခဲ့သည့် ဇွန်လက ချုပ်ဆိုခဲ့သော MoU အရ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန်ဖြစ်ပြီး အမေရိကန်က အပြန်အလှန်အားဖြင့် ရေတပ်ပိတ်ဆို့မှုကို ရုပ်သိမ်းကာ အီရန်ရေနံရောင်းချခွင့်ကို ရက်ပေါင်း ၆၀ ယာယီခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရက်ပေါင်း ၂၀ ပင်မပြည့်သေးမီ ရေလက် ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အီရန်၏ ရေနံစိမ်းထုတ်လုပ်ရောင်းချခွင့်လိုင်စင်ကို အင်္ဂါနေ့တွင် ချက်ချင်းပယ်ဖျက်လိုက်သည်။
အမေရိကန်အိမ်ဖြူတော်က အီရန်အနေဖြင့် ကမ္ဘာ့ကုန် သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ကာ MoU ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားသော်လည်း အီရန်ဘက်ကမူ ၎င်းတို့၏ ရေပိုင်နက်နှင့် ပိုမိုနီးကပ်သော မြောက်ဘက်ရေ လမ်းကြောင်းအတိုင်း မောင်းနှင်ရန် သင်္ဘောများကို သတိပေးခြင်းသာဖြစ် ကြောင်းနှင့် ယခု အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုသည် အစ္စလမ်မာဘတ်သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ် ကြောင်း တုံ့ပြန်သည်။ အီရန်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး ကာဇင် ဂါရီဘာဘာဒီက နိုင်ငံ၏အကျိုးစီးပွားအတွက် လို အပ်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။
ဤတိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် အီရန်သမ္မတ မာဆုဒ် ပီက်ဇ်ရှ်ကီယန်သည် လုပ်ကြံခံခဲ့ရသော အီရန်၏ အဓိပတိခေါင်း ဆောင်ကြီး အာယတိုလာ အလီ ခါမေနီအီ၏ ရုပ်အလောင်းထည့်သွင်းထားသည့် ခေါင်းတလားအား အီရတ်နိုင်ငံ နာဂျက်ဖ်မြို့သို့ ပို့ဆောင်သည့် ဈာပနအခမ်းအနားသို့ တက်ရောက်နေခြင်းဖြစ်သည်။
သို့သော်လည်း အီရန်နိုင်ငံအတွင်း ဗုံးကြဲတိုက်ခိုက်ခံရမှု သတင်းများကြောင့် သမ္မတသည် စစ်ရေးအခြေအနေကို ကိုင် တွယ်ရန် အီရတ်မှ အီရန်နိုင်ငံသို့ ချက်ချင်း အရေးပေါ် ပြန်လည်ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN