သီရိလင်္ကာ နေဂွန်ဘိုအကျဉ်း ထောင်တွင် အကျဉ်းသားအုပ် စုချင်း အပြင်းအထန် အဓိက ရုဏ်းဖြစ်ပွား၊ ဝန်ထမ်း ၆ ဦးအပါအဝင် အနည်းဆုံး ၂၆ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ် ရာရ

(နိုင်ငံတကာ) ဇူလိုင် ၇

   သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုမြောက်ဘက်ရှိ နေဂွန်ဘို (Negombo) အကျဉ်းထောင်အတွင်း အကျဉ်းသားအုပ်စုအချင်းချင်းအကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးနှင့် အသေအပျောက်အများဆုံး ရုန်းရင်းဆန်ခတ် အဓိ ကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ရာ အကျဉ်းထောင်အရာရှိ ဝန် ထမ်း ၆ ဦးအပါအဝင် အနည်းဆုံး လူပေါင်း ၂၆ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသတွင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

     အဆိုပါ အကြမ်းဖက်မှုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထောင်ဒဏ်ကာလရှည်ကျခံနေရသည့် အကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူ အကျဉ်းသားများအကြား စတင်အငြင်းပွား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုနေ့တွင် အကျဉ်း သား ၂ ဦး သေဆုံးခဲ့သည်။ ယင်းနောက် တနင်္လာနေ့ နံနက်စာကျွေးမွေးချိန်တွင် ပဋိပက္ခသည် အရှိန်အဟုန်ဖြင့် ပြန်လည်ကူးစက် ပြင်းထန်လာခဲ့ကာ နောက်ထပ် လူ ၂၃ ဦး ထပ်မံသေဆုံးခဲ့ရသည်။                               

     အကျဉ်းထောင်များဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယာကီက ယခုဖြစ်ပွားရသည့် အဓိကအကြောင်း ရင်းမှာ ထောင်တွင်း မူးယစ်ဆေးဝါးမှောင်ခိုမှုများနှင့် ဆက်စပ်နေကြောင်း သုံးသပ်ပြောကြားထားသော် လည်း အသေးစိတ်အချက်အလက်ကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်၍ ထုတ်ဖော်ခြင်းမရှိသေးပေ။             

     နေဂွန်ဘိုဆေးရုံ ညွှန်ကြားရေးမှူး ပုရှ်ပါ ဂမ်လတ်၏ ပြောကြားချက်အရ ဆေးရုံသို့ ရုပ်အလောင်း ၂၃ လောင်း ရောက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်အား အရေးပေါ် ကုသပေးနေရကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများတွင် သေနတ်ဒဏ် ရာများ၊ ဓားခုတ်ပြတ်ရှဒဏ်ရာများနှင့် ဒုတ်ဖြင့် ရိုက်နှက်ခံရသည့် ပြင်းထန်ဖူးယောင်ညိုမည်းဒဏ်ရာများ ပါဝင်နေပြီး စိုးရိမ်ရသည့် အကျဉ်းသား ၁၈ ဦးကို ကိုလံဘို အမျိုးသားဆေးရုံကြီးသို့ အရေးပေါ် လွှဲပြောင်းပေးထားရသည်။ အကျဉ်းထောင်တွင်း သွေးထွက်သံယိုမှုများ ပြင်းထန်နေချိန်၌ ကပ်လျက်ရှိ အမျိုး သမီးအကျဉ်း ထောင်မှ အမျိုးသမီးအကျဉ်းသားများသည်လည်း အဆောက်အအုံအမိုးပေါ်သို့ တက်ကာ ၎င်းတို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် လိုက်လံအော်ဟစ် ဆန္ဒပြခဲ့ကြသည်။

      အခြေအနေကို ထိန်းသိမ်းနိုင်ရန် သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ကင်းထောက်ဒရုန်းအများအပြား စေ လွှတ်ကာ အကျဉ်းထောင်ဝင်းတစ်ခုလုံးကို ဝေဟင်မှ စောင့်ကြည့်နေရပြီး၊ စစ်တပ်အင်အားကိုလည်း ရဲတပ်ဖွဲ့အား ကူညီရန် အဆင်သင့်အနေအထား (Standby) ပြင်ဆင်ထားရသည်။

     တရားရေးဝန်ကြီး ဟာရှာနာ နာနာယက္ကာရာက “ဒါဟာ ဘယ် လိုမှ မဖြစ်ပွားသင့်တဲ့ ကိစ္စရပ်မျိုးဖြစ်ပြီး သေဆုံးသူတွေဟာ အကျဉ်းသားပဲဖြစ်ဖြစ်၊ မြေအောက်လောက လူ ဆိုးဂိုဏ်းဝင်ပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ အရေးမကြီးပါဘူး” ဟု ဆိုကာ ပြစ်တင်ရှုတ်ချခဲ့သည်။                            

   လတ်တလောတွင် သီရိလင်္ကာအစိုးရက အဆိုပါ အကျဉ်း ထောင်အဓိကရုဏ်းအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ရန် အငြိမ်း စား တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး ဦးဆောင်သည့် အဖွဲ့ဝင် ၃ ဦးပါ အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN