
(နိုင်ငံတကာ) ဇွန် ၂၉
ဗင်နီဇွဲလားနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းဒေသ လာ ဂွါအီရာ (La Guaira) အနီးတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇.၂ နှင့် ၇.၅ အဆင့်ရှိ ပြင်းထန်သော အမွှာငလျင်ကြီးများ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် လေးရက်အကြာတွင် ပိတ်မိနေသူအချို့ကို နောက်ကျမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူ ထပ်မံတွေ့ရှိနိုင်ရန် မျှော်လင့် ချက်များမှာ တဖြည်းဖြည်း ချုပ်ငြိမ်းလုနီးပါး ဖြစ်လာနေသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လှုပ်ခတ်ခဲ့သည့် ၎င်းငလျင်ဘေးကြောင့် စနေနေ့ညပိုင်းတွင် အသက်ရှင်သန်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည့် “ရွှေရောင် ၇၂ နာရီ (Golden Hours)” ကာလမှာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိတွင် လူပေါင်း ၁,၄၃၀ ထက်မနည်း သေဆုံးကြောင်း အတည်ပြုထားရပြီး ပျောက်ဆုံးနေသူ ၅၀,၀၀၀ ကျော် ရှိနေသည်။
သို့သော်လည်း တနင်္ဂနွေနေ့က ရှာဖွေရေးတွင် အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို အံ့ဖွယ်ပြန်လည်ကယ်ထုတ်နိုင်ခဲ့၍ မျှော်လင့်ချက်အလင်းအချို့ ကျန်ရှိနေသေးသည်။ အယ်လ်ဆာဗေဒိုနှင့် ပီရူး ကယ်ဆယ်ရေးအဖွဲ့များက ကာရာဗာယီဒါ (Carabayida)ရှိ ပြိုကျပျက်စီးမှုများအောက်တွင် ၈၆ နာရီကြာ ပိတ်မိနေသည့် အသက် ၆၀ အရွယ် အမျိုး သမီးတစ်ဦးကို ၁၁ နာရီကြာ မနားမနေတူးဖော်ကာ ကယ် ဆယ်နိုင်ခဲ့ပြီး၊ အမေရိကန်၊ ကိုလံဘီယာနှင့် မက္ကဆီကိုအဖွဲ့များကလည်း မွေးကင်းစကလေးငယ်တစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် သား အဖနှစ်ဦးကို အပျက်အစီးများထဲမှ ရှာဖွေကယ်ထုတ်နိုင်ခဲ့သည်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်(Delcy Rodriguez) က နိုင်ငံခြားကယ်ဆယ်ရေးသမား ၂,၂၀၀ ခန့်နှင့်အတူ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကို လာဂွါအီရာပြည်နယ်၌ ကင်းလှည့်ပိတ်ဆို့ကာ ကယ်ဆယ်ရေးလုပ် ဆောင်နေကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အစိုး ရဝန်ထမ်းအချို့မှာ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများရှေ့တွင် ဆဲလ်ဖီဓာတ်ပုံများရိုက်ပြီး ကူညီခြင်းမပြုဘဲ ထွက်ခွာသွားခဲ့၍ ဒေသခံများက ဒေါသတကြီးဖြင့် မြေတူးစက်များကို ပိတ်ဆို့ကာ ယာဉ် မောင်းကို Cabin ခန်းထဲမှ ဆွဲထုတ်သည့် ဖြစ်စဉ်များအထိ ဝေဖန်မှုများ မြင့်တက်နေသည်။
လက်ရှိတွင် မြို့တော်ကာရကတ်စ်နှင့် ကမ်းရိုးတန်းဒေသများရှိ အပျက်အစီးများအောက်၌ အနည်းဆုံး လူပေါင်းများစွာ ရှိနေသေးပြီး ဆွေမျိုးသားချင်းများမှာ ရုပ်အလောင်းများအမြန်ဖော် ထုတ်ပေးရန် အပြင်ဘက်၌ ငိုကြွေးစောင့် ဆိုင်းနေကြရသည်။ ရေနှင့် ရိက္ခာထောက်ပံ့မှုများမှာ ယခုမှသာ စတင်ရောက်ရှိလာပြီး ပြည်သူအများအပြား နေအိမ်မဲ့ကာ လမ်းမများပေါ်တွင် စခန်းချနေရဆဲဖြစ်သည်။
ယခုငလျင်ဘေးအန္တရာယ်သည် ဇန်နဝါရီလက သမ္မတဟောင်း မာဒူရို ဖမ်းဆီးခံရပြီးနောက် သမ္မတရာထူးလွှဲ ပြောင်းယူခဲ့သည့် ဒယ်လ်ဆီ ရိုဒရီဂွက်ဇ် အစိုးရအတွက် အကြီးမားဆုံး စမ်းသပ်ချက်ဖြစ်သည်။
လက်ရှိတွင် အမေရိကန်အစိုးရက ဒေါ်လာ ၁၅၀ သန်း၊ ဥရောပသမဂ္ဂ (EU) က ယူရို ၅ သန်း တည်ပေးထားသည့်အပြင် Copernicus ဂြိုဟ်တုစနစ်ဖြင့် မြေပုံဖော်ထုတ်ကာ ကူညီနေ သည်။ ရောမမြို့တွင်လည်း ပုပ်ရဟန်းမင်းကြီး လီယို က ဘေးသင့်ပြည်သူများနှင့် ကယ်ဆယ်ရေးသမားများအတွက် ဆု တောင်းမေတ္တာ ပို့သပေးထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN