အပစ်ရပ်ထားသော်လည်း အစ္စရေး၏ စစ်ရေးရှိန်မလျှော့ဘဲ အနောက်ဘက်ကမ်း၊ ဂါဇာနှင့် လက်ဘနွန်တို့တွင် ဆက်တိုက်တိုက်ခိုက်၍ အရပ်သား အနည်းဆုံး ၅ ဦး သေဆုံး    

(နိုင်ငံတကာ) ဇွန် ၂၆   

     အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရှိထားလင့် ကစား အစ္စရေးတပ်ဖွဲ့များသည် သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank)၊ ဂါဇာကမ်းမြောင် ဒေသနှင့် လက်ဘနွန်တောင်ပိုင်းတို့တွင် စစ်ရေးဆိုင်ရာ တိုက်ခိုက်မှုများကို ဆက် လက်လုပ်ဆောင်ခဲ့သဖြင့် ကြာသပတေးနေ့တစ်ရက်တည်းတွင်ပင် ပါလက်စတိုင်းနှင့် လက်ဘနွန်နိုင်ငံသား အနည်းဆုံး ၅ ဦး ထက်မနည်း သေဆုံးသွားခဲ့သည်။

     ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း ဆာဖစ်တ် (Salfit) မြို့တွင် အသက် ၃၂ နှစ်အရွယ် မူစတာဖာ အယ်လ်-ခါတစ်ဘ် (Mustafa Taha Mustafa al-Khatib) ၏ နေအိမ်ကို အစ္စ ရေးတပ်ဖွဲ့များက အရုဏ်တက်ချိန်၌ စီးနင်းဝင်ရောက်ကာ သွေး အေးအေးဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။     

     ဂျော်ဒန်နှင့် ပါလက်စတိုင်း နိုင်ငံသားကတ် နှစ်မျိုးစလုံးကိုင်ဆောင်ထားသည့် ၎င်းသည် မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မျှ ဆက်နွှယ်မှုမရှိဘဲ စိုက်ပျိုးရေးလုပ်ကိုင်နေသူဖြစ်ပြီး၊ အစ္စရေးစစ်သားများက ၎င်းအား သတ်ဖြတ်ပြီးနောက် လူနာတင်ယာဉ်များ လာရောက်ခွင့်ကို ၂ နာရီနီးပါး ပိတ်ပင်ခဲ့သည်။ ယခုနှစ်အစပိုင်းကတည်းဆိုလျှင် အနောက်ဘက်ကမ်းတွင် အစ္စရေးတို့ကြောင့် ပါလက်စတိုင်း ၇၂ ဦး သေ ဆုံးခဲ့ပြီဖြစ်သည်။

     တစ်ချိန်တည်းမှာပင် ဂါဇာမြောက်ပိုင်း ဘိတ်တ်လာဟီယာ (Beit Lahiya) မြို့၌လည်း အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းတစ်ဦး သေဆုံးခဲ့ပြီး၊ ဂါဇာမြို့အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လမ်းလျှောက်နေသူ ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက် တိုဘာ ၁၀ ရက်က စတင်ခဲ့သည့် ဂါဇာအပစ်ရပ်မှုကို အစ္စ ရေးက ချိုးဖောက်မှုများကြောင့် လက်ရှိအချိန်ထိ ပါလက်စတိုင်း ၁,၀၃၁ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။ 

  အလားတူ လက်ဘနွန်တောင်ပိုင်းတွင်လည်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ (Hezbollah) အကြား အပစ်ရပ်ထားသော်လည်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်။ နာဘာတီးယား (Nabatieh) ပြည်နယ်အတွင်း မောင်းနှင်နေသည့် မော်တော် ယာဉ်တစ်စီးကို အစ္စရေးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လက်ဘနွန်နိုင်ငံသား ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။                                   

     အစ္စရေးစစ်တပ်က ၎င်းတို့သည် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များဖြစ်ကြောင်း ပြောဆိုသော်လည်း၊ မြေပြင်သတင်းထောက်များ ၏ အဆိုအရ အစ္စရေးသည် ဒေသခံများအား နယ်စပ်အနီး မကပ်နိုင်စေရန် ရှေ့တန်းကျေးရွာများကို ဒရုန်းနှင့် အသံဗုံးများဖြင့် ဆက်လက်ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

     မတ်လ ၂ ရက်နေ့ ပဋိပက္ခစတင်ကတည်းက လက်ဘနွန်တွင် သေဆုံးသူ ၄,၂၃၀ ဦး ရှိလာပြီဖြစ်သည်။ ယခု တိုက်ခိုက်မှုများ သည် ဝါရှင်တန်ဒီစီ၌ အစ္စရေးနှင့် လက်ဘနွန်အရာရှိများ နယ် မြေလွှဲပြောင်းရေးအတွက် နောက်ဆုံးရက် ဆွေးနွေးပွဲများ ပြု လုပ်နေစဉ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဆွေးနွေးပွဲများ တိုးတက်မှုရှိကြောင်း ချီးကျူးနေသည့် အချိန်၌ ပင် ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။                       

Telegram»…
https://t.me/positiveanglenews

#PAN