
(နိုင်ငံတကာ) ဇွန် ၂၅
အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကို အပြီးသတ်အဆုံးသတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ပင်လယ်ကွေ့ဒေသတွင်း မဟာမိတ်များ၏ ထောက်ခံမှုရရှိရန် သွားရောက်ခဲ့သော ၃ ရက်ကြာ ခရီးစဉ်အဆုံးသတ်တွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ကို ဖြတ်သန်းမည့် သင်္ဘောများအပေါ် အီရန်က အခကြေးငွေကောက်ခံမည့် အစီအစဉ်အား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြတ်ပြတ်သားသား ကန့်ကွက်သတိပေးလိုက်သည်။
အကယ်၍ အီရန်၏ တောင်းဆိုမှုကို လက်ခံလိုက်ပါက အလားတူ လုပ်ဆောင်မှုမျိုး ကမ္ဘာ့အခြားရေကြောင်းလမ်း များဆီသို့ “ကူးစက်ရောဂါကဲ့သို့” ပြန့်နှံ့သွားနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စ ရေးတို့၏ အီရန်အပေါ် စစ်ဆင်ရေးဖြင့် စတင်ခဲ့ပြီး ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သည့် စစ်ပွဲကို ရပ်တန့်ရန် နှစ်ဖက်အပစ်ရပ် နား လည်မှုစာချွန်လွှာ (MoU) ရေးထိုးပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီး ရူဘီယို၏ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆင့်မြင့် သံတမန်ရေးရာ လှုပ်ရှားမှုဖြစ်သည်။
ဘာရိန်းနိုင်ငံ၊ မနားမား (Manama) မြို့တွင် ပြုလုပ်သည့် GCC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ရူဘီယိုက “နိုင်ငံတကာ ရေပိုင်နက်လမ်းကြောင်းတွေဟာ ဘယ်နိုင်ငံတော်ရဲ့ ပိုင်နက်မှမဟုတ်ပါဘူး။ ကိုယ့်ပိုင်နက်နဲ့ နီးကပ်နေရုံနဲ့ ဖြတ် သန်းခကောက်လို့ရတယ်ဆိုတာကို လက်ခံလိုက်ရင် တစ်ကမ္ဘာလုံးဆီ ကူးစက်သွားပါလိမ့်မယ်” ဟု ပြောကြားခဲ့ပြီး အီရန်၏ အခကြေးငွေကောက်ခံမည့်အရေးကို ပင်လယ်ကွေ့အာရပ်နိုင်ငံများကလည်း လုံးဝထောက်ခံခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။
ခရီးစဉ်အတွင်း ရူဘီယိုသည် အာရပ်စော်ဘွားများပြည် ထောင်စု (UAE)၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ဝါရှင်တန်အနေဖြင့် အီရန်နှင့် ငြိမ်း ချမ်းရေးစာချုပ်ချုပ်ဆိုရာတွင် ဒေသတွင်း ကာလရှည်မဟာမိတ်များ၏ လုံခြုံရေးနှင့် ရေနံစီးဆင်းမှုဆိုင်ရာ အကျိုးစီးပွားများကို မထိ ခိုက်စေဘဲ အလေးထားထည့် သွင်းစဉ်းစားပေးမည်ဖြစ် ကြောင်း စည်းရုံးအာမခံခဲ့သည်။
ထို့ပြင် အမေရိကန်-အီရန် အပစ်ရပ် MoU တွင် စစ်ဘေးသင့်အီရန် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ဒေသတွင်းနိုင်ငံများက စိုက်ထုတ်ရမည့်သဘော ညွှန်းဆိုထားသော်လည်း ယခုခရီးစဉ်အတွင်း ပင်လယ်ကွေ့မဟာမိတ်များထံမှ မည်သည့်ရန်ပုံငွေထည့်ဝင်မှုကိုမျှ တောင်းခံခဲ့ခြင်းမရှိကြောင်း ဝန်ကြီးရူဘီယိုက ဖြည့်စွက်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN