(မှုခင်း) ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်၊ဓနုံးကျေးရွာအုပ်စု၊ယဉ်တော်စံကျေးရွာရှိ (မူလွန်-ကုလားရွာ)အခြေခံပညာမူလွန်ကျောင်းရှေ့တွင် ကျောင်းသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း သိရသည်။
ဇွန်လ ၂၃ရက်နေ့ မွန်းတည့် ၁၂နာရီ၁၅မိနစ်အချိန်က ယဉ်တော်စံကျေးရွာရှိ (မူလွန်-ကုလားရွာ)အခြေခံပညာမူလွန်ကျောင်းရှေ့တွင် Grade-6 တန်းကျောင်းသား ထက်ထူးအောင်၊၁၅နှစ်၊(ဘ)ဦးဟန်လွင်ဦး၊ကျောင်းသား၊ယဉ်တော်စံကျေးရွာ၊အမှတ်(၂)ရပ်ကွက်၊ဓနုံးကျေးရွာအုပ်စု၊အမရပူရမြို့နယ် နေသူအား ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ဖြင့် သွေးများထွက်လျက် လဲကျနေလျက်ရှိကြောင်း သိရသည်။
အခင်းဖြစ်နေရာအနီးတွင် မောင်ထက်ထူးအောင်အား ဓါးဖြင့် ထိုးခဲ့သူ မောင်မောင်တိုး(ခ)ငတိုး၊၁၄နှစ်၊(ဘ)ဦးကျော်သူရ၊ ကျဘမ်း၊ယဉ်တော်စံကျေးရွာ၊အမှတ်(၄)ရပ် ကွက်၊ဓနုံးကျေးရွာအုပ်စု၊အမရပူရမြို့နယ်နေသူအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် အရိုးအသွား(၉) လက်မခန့်ရှိ သွေးစွန်းနေသည့် ဓါးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဓါးဖြင့်ထိုးခံရသူ မောင်ထက်ထူးအောင်၊၁၅နှစ်၊(ဘ)ဦးဟန်လွင်ဦးသည် မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခု လတ်၌ ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

#PAN