အီရန်စစ်ပွဲ ၁၁၇ ရက်မြောက်နေ့ အခြေအနေ – နျူကလီး ယားစစ်ဆေးရေး အငြင်းပွားမှုများ ဆက်လက်ရှိနေ၊ အမေရိကန်အထက်လွှတ်တော်က သမ္မတထရမ့်၏ စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်များကို ကန့်သတ်ရန် အတည်ပြု        

(နိုင်ငံတကာ) ဇွန် ၂၄      

  အီရန်နှင့် အမေရိကန်ပြည်ထောင်စုအကြား ရက်ပေါင်း ၆၀ အချိန်ကာလအတွင်း နောက်ဆုံးသဘောတူညီချက်တစ်ခု ရရှိရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြစဉ်၊ နျူက လီးယားစောင့်ကြည့်စစ်ဆေးရေးနှင့် ဟော်မုဇ်ရေလက် ကြား ဖြတ်သန်းခ ကိစ္စရပ်များအပေါ် နှစ်ဖက်အပြန်အလှန် သဘောထားကွဲလွဲမှုများ ပြင်းထန်နေကြောင်း သိရသည်။

     အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဟော်မုဇ်ရေလက်ကြားအား နိုင်ငံတကာသင်္ဘောလိုင်းများအတွက် အမြဲပွင့်လင်းနေစေရမည်ဖြစ်ပြီး အီရန်အနေဖြင့် ဖြတ်သန်းခကောက်ခံခွင့် ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း၊ အီရန်ဘက်ကမူ ၎င်းတို့အနေဖြင့် ကုလ သမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) မှ စစ်ဆေးရေးမှူးများကို ပြန်လည်ဝင်ရောက်ခွင့်ပြုရန် သဘောတူညီခဲ့သည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်ကို လုံးဝငြင်းဆိုထားသည်။         

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇွန်လ တိုက် ခိုက်မှုအပြီး ဆိုင်းငံ့ထားသည့် IAEA နှင့် ပူးပေါင်းဆောင်ရွက်မှုကို လက်ရှိတွင် ပြန်လည်စတင်ရန် အစီအစဉ်မရှိသေးကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့သည်။

     တစ်ချိန်တည်းမှာပင် အမေရိကန်အထက်လွှတ်တော်၌ အီရန်အပေါ် ထပ်မံလုပ်ဆောင်မည့် စစ်ရေးအစီအမံများတွင် လွှတ် တော်၏ အတည်ပြုချက်ရယူရန် လိုအပ်သည့် ဆုံးဖြတ်ချက်မူကြမ်းကို ၅၀ မဲ၊ ၄၈ မဲဖြင့် အတည်ပြုလိုက်သဖြင့် သမ္မတထရမ့်၏ စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်များ ကန့် သတ်ခံလိုက်ရပြီ ဖြစ် သည်။ ယခုဆုံးဖြတ်ချက်သည် သမိုင်းတွင် ပထမဆုံးအကြိမ် လွှတ်တော်နှစ်ရပ်စလုံးက အတည် ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး ရစ်ပတ်ဘလီကင်အမတ် ၄ ဦးကပါ ဒီမိုကရက်များနှင့်ပူးပေါင်းကာ ထောက်ခံမဲပေးခဲ့ကြသော် လည်း သမ္မတထရမ့်က ဗီတိုအာဏာဖြင့် ပြန်လည်ပယ်ချသွားဖွယ်ရှိနေသည်။

     ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုသည် အီရန်နှင့်ရရှိထားသည့် ယာယီသဘောတူညီချက်အပေါ် ဒေသတွင်းမဟာမိတ်များ ယုံကြည်မှုရှိစေရန် ယူအေအီး၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံများသို့ ပင်လယ်ကွေ့ခရီးစဉ်အဖြစ် သွား ရောက်စည်းရုံးလျက်ရှိသည်။

      အခြားတစ်ဖက်တွင်မူ အစ္စရေးအမျိုးသားလုံခြုံရေးဝန် ကြီး အီတာမာ ဘင်ဂါဗီယာ (Itamar Ben-Gvir) က အမေရိကန် သည် အီရန်အပေါ် အလွန်ရိုးစင်းလွန်းနေပြီး အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို တစ်ကိုယ်တော် ရင် ဆိုင်ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့ရာ၊ မဟာမိတ်နှစ်နိုင်ငံအကြား တင်းမာမှုများ ရှိနေကြောင်း ပေါ်လွင်စေသည်။

     အလားတူ စစ်ပွဲကြောင့် အရည်ပျော်သဘာဝဓာတ်ငွေ့ (LNG) ထုတ်လုပ်မှု ရပ်ဆိုင်းထားရသည့် ကာတာနိုင်ငံကမူ ယခုရရှိထားသည့် အမေရိကန်-အီရန် ယာယီသဘောတူညီချက်ကြောင့် ရက် သတ္တပတ်အနည်းငယ်အတွင်း ဓာတ်ငွေ့ထုတ်လုပ်မှုကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်တော့မည်ဟု ထုတ်ပြန်ခဲ့သည်။        

    လက်ဘနွန်တောင်ပိုင်းတွင်မူ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ (UNIFIL) က အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုအချို့ ရှိနေသေးသော်လည်း အပစ်အခတ်ရပ်စဲရေးမှာ အများအားဖြင့် တည်ငြိမ်နေဆဲဖြစ်ကြောင်းနှင့် အဖွဲ့အစည်းအားလုံး အရှိန်မြှင့်တိုက်ခိုက်မှုများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။                                   

Telegram»…
https://t.me/positiveanglenews

#PAN