မြကန်သာရေကန်တွင် အမျိုးသားတစ်ဦး ရေနစ်မှုဖြစ်ပွား

(မှုခင်း) ဇွန် ၄

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြကန်သာရေကန်တွင် ဇွန်လ ၃ ရက်နေ့ နေ့လယ် ၂ နာရီ ၅၃ မိနစ် အချိန်ခန့်က အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးသည့်နေရာသို့ လွိုင်လင်ခရိုင်/မြို့နယ် မီးသတ်စခန်းမှ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နေ့လယ် ၂နာရီ ၅၅ မိနစ်အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ကျား(၁)ဦး(စိုးရိမ်ရ)အား လွိုင်လင်ခရိုင်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။