လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ရေကြီးနေသည့်အိမ်မှ အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

(မှုခင်း) သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ရေကြီးရေလျှံနေသည့် နှစ်ထပ်အိမ်တစ်အိမ်၏ အောက်ထပ်မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၆၉) နှစ်အရွယ်စိတ်ကျန်းမာရေး မကောင်းသူတစ်ဦးဖြစ်ကြောင်း သိရပြီး ရေကြီးရေလျှံမှု ဖြစ်ပွားချိန်တွင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း သေဆုံးသူက လိုက်ပါရန် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ သေဆုံးသူ၏ရုပ်အလောင်းအား ကိုပူတူးနှင့် ဘော်ဒါများအသင်းက Speed Boat ဖြင့် သွားရောက်ဆယ်ယူခဲ့ပြီး မေတ္တာသီတာရေစင်အသင်းက ဟင်္သာတပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

#PAN