ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေးရပ်ထားသည့်ကားအား ဝင်တိုက်

(မှုခင်း) သြဂုတ် ၄

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၃၆/၅ နှင့် ၂၃၆/၆ကြား (မန္တလေးမှရန်ကုန်သို့အပြန်လမ်း)တွင် လမ်းဘေးရပ်ထားသည့်ကားအား နောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၇နာရီခွဲအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်မပေါ်တွင် မန္တလေးမှ ရန်ကုန်သို့မောင်းနှင်လာသော ယာဉ်မောင်းပါ ကျား(၃)ဦး၊ မ (၂)ဦးလိုက်ပါလာသည့် ALPHARD အမျိုးအစား ဝါညိုနု (BEIGE) ရောင်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းယာဘက်‌ မြေသားလမ်းပေါ်တွင် ရပ်တန့်ထားသော KIA BONGO II အဖြူရောင်ယာဉ်၏ ရှေ့ယာဘက်ခြမ်းအား ဝင်ရောက်တိုက်မိကာ ALPHARD ယာဉ်မှာ အနှေးယာဉ်‌ ကြောပေါ်တွင်ရပ်တန့်ခဲ့‌သော မတော်တ ဆမှုတစ်ခုဖြစ်ပွါးခဲ့ပါသည်။

အဆိုပါယာဥ်ကြောင့် ALPHARD ယာဉ်ပေါ်ပါသူများမှာထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်းKIA BANGO II ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အထူးသတိ​ပေးအပ်ထားသည်။

Telegram – t.me/positiveanglenews

#PAN