ဒေါ်အောင်ဆန်းစုနဲ့ တွေ့ဆုံခဲ့မှု ICRC အတည်ပြု 

 (ပြည်တွင်း) ဩဂုတ် ၃

ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံရပြီး နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque တို့ ဒီကနေ့မနက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ဒီထုတ်ပြန်အချက်အပေါ်မှာ အကြမ်းဖက်အားပေးမီဒီယာတွေက ယုံကြည်ခိုင်မာမှုအားနည်းတဲ့ သတင်းအဖြစ် ရေးသားနေကြသလို အကြမ်းဖက်သမားတွေကတော့ ဒါဟာ သတင်းတုဖြစ်ပြီး ပုံမှာလည်း AI ဖြစ်တယ်လို့ ထုံးစံအတိုင်း မျက်စိမှိတ် ရေးသားပြောဆိုလာကြတာလည်း ဖြစ်ပတယ်။ 

ဒါပေမယ့် ဒီတွေ့ဆုံမှုမှာ မှန်ကန်ပြီး ICRC ရဲ့ စံချိန်စံညွှန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ICRC ဘက်က ဒီကနေ့ နေ့လယ်ဘက်မှာ သတင်းထုတ်ပြန် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

 ဒီတွေ့ဆုံမှုကို လွတ်လပ်ခွင့်ဆုံးရှုံးနေသူတွေဆီကို သွားရောက်တွေ့ဆုံ လည်ပတ်ခြင်းဆိုင်ရာ ICRC ရဲ့ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်လည်ပတ်မှုအတွင်း တွေ့ရှိခဲ့တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ICRC ရဲ့ အကျဉ်းထောင်ဆိုင်ရာလုပ်ငန်းရဲ့ ဓလေ့ထုံးစံနဲ့အညီ အတွင်းရေးကိစ္စအဖြစ်  သီးသန့်လျှို့ဝှက်ပြီး အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့သာ မျှဝေဆွေးနွေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 အကျဉ်းထောင်/စခန်းတွေကို သွားရောက်တွေ့ဆုံတာဟာ လွတ်လပ်မှု ပိတ်ပင်ခံထားရသူတွေအတွက်  CRC ရဲ့ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းတွေနဲ့အညီ မိသားစုတွေနဲ့ သတင်းစကားတွေကို ပေးပို့ဖလှယ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိစေတယ်လို့ ထိုထုတ်ပြန်ချက်က ပြောပါတယ်။ 

ဒါ့အပြင် ICRC ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အကျဉ်းထောင်တွေသို့ သွားရောက်နိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ပိုမိုကျယ်ပြန့်စွာ သွားရောက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆက်လက်ထိတွေ့ဆက်သွယ် ဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Telegram – t.me/positiveanglenews

#PAN