ကျိုက်ထိုမြို့တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

(မှုခင်း) ဇွန် ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊အေးရိပ်ငြိမ်အနောက်ပိုင်းတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊အေးရိပ်ငြိမ်အနောက်ပိုင်းရှိ ရွှေချိုးဖြူ ထမင်း/လ္ဘက်ရည်ဆိုင်တွင် ဒီကနေ့ နံနက် ၆နာရီ ၃၆မိနစ်အချိန်ခန့်က လက်ပြကျေးရွာဘက်မှ မောင်းနှင်လာသော ဆိုင်ကယ်အနီရောင်ပေါ်မှ အမည် မသိအမျိုးသား(၂)ဦးသည် ရွှေချိုးဖြူ ထမင်း/လ္ဘက်ရည်ဆိုင်သို့လာရောက်ပြီး ဆိုင်အတွင်းကို သေနတ်အတိုဖြင့် (၅)ချက်ပစ်ခတ်ခဲ့ပြီး လက်ပြကျေးရွာသို့ ပြန်လည်မောင်းနှင်သွားကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်တွင်အလုပ်လုပ်နေသည့် ကျော်စွာ ၄၅နှစ်အား ထိမှန်ခဲ့ပြီး ဝဲပါးဖောက်ဝင်ဒဏ်၊ဝဲလက်မောင်းဖောက်ဝင်/ထွက်၊ယာရင်ဘတ် ဖောက်ဝင်ဒဏ်ရာ၊ယာလက်ဖျန်ဖောက်ဝင်ဒဏ်ရာတို့ရရှိခဲ့ပြီး ကျော်စွာသည် သေနတ်ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျုးလွန်သူများအား အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။