(မှုခင်း) သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ မဟာပညာဇေယျုံ(ဘက)ကျောင်းထိုင်ဆရာတော်ပိုင်ကားအား ကျောင်းဝိုင်းအတွင်းမှ ခိုးယူပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများနှင့်ဆက်စပ်တရားများအား ဖမ်းဆီးရမိကြောင်း သိရသည်။
ဇူလိုင်လ ၂၉ရက်နေ့၊နံနက်ပိုင်းအချိန်က ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ မဟာပညာဇေယျုံ (ဘက)ကျောင်းထိုင်ဆရာတော် ဦးနန္ဒာယာဘိဝံသ ပိုင်ဆိုင်တဲ့ 2N/7889 MDY Nissan AD VAY12 အမျိုးအစား၊အဖြူရောင်ကားအား ကျောင်းဝင်းအတွင်းရပ်ထားစဥ် ကျောင်း၌သီတင်းသုံးသူ ဦးပညာနန္ဒာဘိဝံသ၏ အသိမိတ်ဆွေဖြစ်သည့် ပြည်စုံအောင်ပါ(၇)ဦးတို့သည် ကျောင်းသို့ အလည်ရောက်လာသည့်ပုံစံ ဟန်ဆောင်ပြီးနောက် ကျောင်းထိုင်ဆရာတော်၏ ကားအား ခိုးယူမောင်းနှင်သွားခဲ့သည်။
အဆိုပါကားအား ခိုးယူသွားသည့်အတွက်ကျောင်းထိုင်ဆရာတော်မှ ဇူလိုင်လ ၃၀ရက်နေ့၊နံနက်တွင် ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းတွင် ကားခိုးယူသွားသော ပြည့်စုံအောင်ပါ(၇)ဦးအား ဥပဒေအရအရေးယူပေးပါရန်အမှုဖွင့်တိုင်ကြားရာ ကောင်းမြတ်(ခ)ထွန်းထွန်းနိုင်နဲ့ ချမ်းသာ(ခ)ဖိုးချမ်းသာ(ပဲခူးမြို့၊ဥဿာမြို့သစ်(၁)ရပ်ကွက်၊၅လမ်းနဲ့၃လမ်းနေ)တို့နှစ်ဦးကို(ပ)၇၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ – ၃၈၀/၁၁၄ တို့နဲ့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပဲခူးခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ကားခိုးမှုနှင့်ဆက်လက်အလိုရှိသူ ပြည့်စုံအောင်ပါအဖွဲ့အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ တိုင်ချက်ရရှိပြီး အချိန်၂နာရီအတွင်း ပဲခူးမြို့၊မဟာမြိုင်လမ်းရှိ အောင်ဆေးရုံးအနီးတွင် အမှုနှင့်အလိုရှိနေသည့် တရားခံကောင်းမြတ်(ခ)ထွန်းထွန်းနိုင်၊ ချမ်းသာ(ခ)ဖိုးချမ်းသာတို့နှစ်ဦးအား ခိုးရာပါကားတစ်စီးနှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲစခန်းအသီးသီးထံဖြန့် ဝေခဲ့ရာ ဇူလိုင်လ ၃၁ရက်နေ့၊ည၁၀နာရီခန့်အချိန်တွင် မွန်ပြည်နယ်၊သထုံမြို့နယ်၊သိမ်ဆိပ်နယ်မြေရဲစခန်းမှ မသင်္ကာဖွယ် လူ၄ဦးနဲ့အတူ 2N/7889 MDY Nissan AD VAY12 အမျိုးအစား၊အဖြူရောင်ကားတစ်စီးအား တွေ့ရှိပြီး ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါ အုပ်စုဖွဲ့ကားခိုးမှုကျုးလွန်ခဲ့ကြသည့် ပြည့်စုံအောင်(ခ)ငပြည့်၊၂၇နှစ်(ဘ)ဦးကျော်ရွှေ၊အောင်ဝဲကျေးရွာ၊ ဒိုက်ဦးမြို့၊(၄င်းသည် ရဲအယောင်ဆောင်ပြီး. ဖုန်းနဲ့ဆိုင်ကယ်အား ဇနီးဖြစ်သူနဲ့အတူလိမ်လည်မှုနဲ့ ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းမှ အလိုရှိနေသူ)၊ မြတ်ဟိန်းကျော်(ခ)ကိုဟိန်း၊၃၁နှစ်၊(ဘ)ဦးကျော်ရွှေ၊(၃)လမ်း၊(၅/၁)ရပ်ကွက်၊ပဲခူးမြို့၊ ဇွဲကို(ခ)ငဇွဲ(ခ)မောင်မောင်၊ ၃၄နှစ် ၊ (ဘ) ဦးခင်မောင်လွင်၊ ခမရ ၄၀၃ တပ်လမ်း၊သရက်ချောင်းမြို့နယ်၊ အေးဇော်ထက်၊၁၀နှစ်(ဘ)ဦးမြတ်သန်း(ပြည့်စုံအောင်(ခ)ငပြည့်နဲ့အတူ ပြစ်မှုကျုးလွန်ရာတွင် အမြဲလိုက်ပါလေ့ရှိသူ၊၄င်းရဲ့မွေးစားသား)ဖအောင်ဝဲကျေးရွာ၊ဒိုက်ဦးမြို့တို့အားကို ပဲခူးအမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၇၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၁၁၄တို့နဲ့ အမှုဖွင့်ထားကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN