
(နိုင်ငံတကာ)မေ ၂၁
စစ်ပွဲကို အဆုံးသတ်ရန် တဟီရန်၏ နောက်ဆုံးအဆိုပြုချက်အပေါ် ကြားဝင်စေ့စပ်ပေးသူ ပါကစ္စတန်နိုင်ငံမှတစ် ဆင့် လက်ခံရရှိထားသည့် အမေရိကန်ပြည်ထောင်စု၏ တုံ့ ပြန်ချက်ကို မိမိတို့နိုင်ငံ၏ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြန် လည်သုံးသပ်နေကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
မရေရာသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ရောက်ခဲ့ပြီးနောက် ၆ ပတ်အကြာတွင် စစ်ပွဲကို အဆုံးသတ်ရန် ဆွေးနွေးပွဲများသည် တိုးတက်မှု အနည်း ငယ်သာ ရှိခဲ့ပြီး၊ စိုးရိမ်ဖွယ် မြင့်တက်လာနေသော ရေနံဈေးနှုန်းများကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ယခု ကဲ့သို့ သံတမန်ရေးရာ လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် တိုးမြှင့်လုပ် ဆောင်လာခြင်း ဖြစ်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီ (Esmaeil Baghaei)က စစ်ပွဲကို အဆုံး သတ်ရန် တဟီရန်၏ မူလ “၁၄ ချက်ပါ” အဆိုပြုချက်အပေါ် အခြေခံ၍ ပါကစ္စတန်မှတစ်ဆင့် ပေးပို့လာသော အမေရိကန်၏ နောက်ဆုံးတုံ့ပြန်ချက်ကို မိမိတို့ဘက်က အသေအချာ ပြန်လည်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန် (Masoud Pezeshkian)ကလည်း အမေရိကန်နှင့် သံတမန်ရေးရာ နည်းလမ်းအရ ဖြေရှင်းနိုင်မည့် “လမ်းကြောင်းအားလုံးဟာ ကျွန်တော်တို့ဘက်က ပွင့်လင်းလျက်ရှိနေပါတယ်” ဟု ဆိုသော်လည်း၊ ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများဖြင့် တီဟီရန်အား လက်နက်ချရန် ကြိုးပမ်းမှုများသည် “စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်” ဟု သတိပေးထားသည်။
တီဟီရန်နှင့် ဝါရှင်တန်အကြား အပစ်အခတ်ရပ်စဲရေး မူဘောင်နှင့် ပတ်သက်၍ အကျပ်အတည်း ဖြစ်နေသည်ကို ကျော်လွှားနိုင်ရန် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး မိုဆင် နာကဗီ (Mohsin Naqvi)သည် ယခုအပတ်အတွင်း ဒုတိယအကြိမ်အဖြစ် အီရန်သို့ ရောက်ရှိနေသကဲ့သို့၊ ပါကစ္စတန် စစ်ဦးစီးချုပ် အာဆင်မိုနီယာ(Asim Munir) သည်လည်း ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှု အစိတ်အပိုင်းအဖြစ် ယနေ့နှောင်းပိုင်းတွင် တီဟီရန်မြို့သို့ သွားရောက်ရန် ရှိနေသည်။

တစ်ဖက်တွင်လည်း အီရန်လွှတ်တော်ဥက္ကဋ္ဌနှင့် အဓိကဆွေးနွေးညှိနှိုင်းသူ ဖြစ်သူ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်(Mohammad Bagher Ghalibaf)က အမေရိကန်သည် ပဋိပက္ခကို ပြန်လည်မီးမွှေရန်နှင့် တီဟီရန်အား ဒူးထောက်လာစေရန် ကြိုးပမ်းနေကြောင်း စွပ်စွဲလိုက်သည်။ ၎င်းက “ရန်သူရဲ့ ပေါ်ပေါ်ထင်ထင်နဲ့ တိတ် တဆိတ် လှုပ်ရှားမှုတွေကို ကြည့်ရင် သူတို့ဟာ စီးပွား ရေးနဲ့ နိုင်ငံရေးအရ ဖိအားတွေ ပေးနေတဲ့ကြားကပဲ စစ်ရေးရည်မှန်းချက်တွေကို စွန့် လွှတ်ခြင်း မရှိသေးဘဲ စစ်ပွဲအသစ်တစ်ခု စတင်ဖို့ ကြိုးပမ်းနေတာကို သိသာထင်ရှားစွာ တွေ့မြင်နေရပါတယ်” ဟု ပြောကြားခဲ့သည်။
အလားတူပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တီဟီရန်ထံမှ “မှန်ကန်သော အဖြေများ” ရရှိရန်အတွက် ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သော်လည်း အဆင်မပြေပါက အီရန်အပေါ် တိုက်ခိုက်မှုများကို ပြန် လည်စတင်ရန် အသင့်ရှိနေကြောင်း သတိပေးထား သည်။
စစ်ရေးနှင့် သံတမန်ရေး တင်းမာမှုများအကြား အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော ‘ပါရှန်ပင်လယ် ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့’ (Persian Gulf Strait Authority)က မဟာဗျူဟာမြောက် ကမ္ဘာ့ရေ လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် “ကြီးကြပ်ကွပ်ကဲမှုဇုန်” တစ်ခု တည် ထောင်လိုက်ကြောင်း ကြေညာခဲ့ပြီး၊ ဖြတ်သန်းမည့် သင်္ဘောများအနေ ဖြင့် ယခုအခါ ခွင့်ပြုချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ ရေတပ်က ၎င်းတို့၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုနှင့် လုံခြုံရေးစောင့်ရှောက်ပေးမှုဖြင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရေနံတင်သင်္ဘောနှင့် ကုန်သေတ္တာတင်သင်္ဘော အပါအဝင် စုစုပေါင်း ကုန် သွယ်ရေးသင်္ဘော ၂၆ စီးကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပုံမှန်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း ထုတ်ပြန်ကာ ရေလမ်းကြောင်း ပိတ်ဆို့ထားခြင်းမျိုး မဟုတ်ကြောင်း ပြသခဲ့သည်။
အရှေ့အလယ်ပိုင်း ဒေသတွင်း အခြားဖြစ်စဉ်တစ်ခုတွင် အစ္စရေး၏ လက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ (Itamar Ben-Gvir)က ဂါဇာသို့ ဦး တည်မောင်းနှင်မည့် ကူညီကယ်ဆယ်ရေး သင်္ဘောအုပ်စု (Flotilla)မှ တက်ကြွလှုပ်ရှားသူများကို အစ္စရေးအကျဉ်း ထောင်အစောင့်များက နှိပ်စက်ညှင်း ပန်းနေစဉ် လှောင် ပြောင်သရော်ထားသည့် ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့သည့်အတွက် ကမ္ဘာတစ် ဝန်းမှ ပြစ်တင်ရှုတ်ချမှုများ ပြင်းထန်နေသည်။ လူ့အခွင့်အရေးအဖွဲ့များနှင့် ဝေဖန်ရေးသမားများက အစ္စရေး၏ အကျဉ်းသားများအပေါ် ပြုမူဆက်ဆံပုံကို စောင့်ကြည့်စစ်ဆေးမှုများ ပြင်းထန်နေချိန်တွင် ဘန်ဂါဗီယာက တင်းမာမှုများကို ပိုမိုမီးထိုးပေးနေကြောင်း စွပ်စွဲထားကြသည်။
#US_Iran #PakistanMediation #StraitofHormuz #Geopolitics #GlobalEconomy #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN