
(နိုင်ငံတကာ)မေ ၁၈
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ထိုင်ဝမ်အရေး ပြင်းထန်စွာ ဆွေးနွေးခဲ့ကြပြီးနောက်၊ မိမိတို့ကျွန်းသည် ပြင်ပဖိအားများကြောင့် ဒီမိုကရေစီနည်း ကျ လွတ်လပ်သော လူနေမှုပုံစံနှင့် အမျိုးသားအချုပ် အခြာအာဏာကို လုံးဝစွန့် လွှတ်လိမ့်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဝီလျံ လိုင်ချင်တယ်(William Lai Ching-te)က ပြောကြားလိုက်သည်။
သမ္မတ လိုင်ချင်တယ်က တနင်္ဂနွေနေ့တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြရာ၌ ထိုင်ဝမ်အနေဖြင့် ပဋိပက္ခများကို လှုံ့ဆော်ရန် သို့မဟုတ် အရှိန်မြှင့်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ သို့သော် ဖိအားများအောက်တွင် အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာကို အလျော့ပေးမည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
“ထိုင်ဝမ်ဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် လက်ရှိအခြေအနေ(Status quo)ကို အမြဲတမ်း ပြတ် ပြတ်သားသား ထိန်းသိမ်းစောင့်ရှောက်သူဖြစ်ပြီး အဲဒါကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့အဖွဲ့ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုကာ တရုတ်နိုင်ငံသည်သာ “ဒေသတွင်း မတည်ငြိမ်မှုများ၏ အခြေခံအကြောင်းရင်း” ဖြစ် ကြောင်း ထောက်ပြခဲ့သည်။ ၎င်းပြင် အမေရိကန်၏ လက်နက်ရောင်းချမှုနှင့် လုံခြုံရေးပူးပေါင်းမှုများ သည် ဒေသတွင်းငြိမ်းချမ်းရေးကို ပျက်ပြားမည့်အန္တရာယ်မှ တားဆီးပေးသည့် အရေးကြီးဆုံးသော ဟန့် တားမှုစွမ်းအား (Deterrent force) ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ယခုထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့သည့် ထိပ်သီးအစည်းအဝေးအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်းတို့ ၏ ပိုင်နက်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းမည်ဟု ကြွေး ကြော်ထားသည်။ ရှီကျင့်ဖျင်က ထိုင်ဝမ်ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် “အရေးအကြီးဆုံး ကိစ္စရပ်” ဖြစ်ပြီး မှားယွင်းစွာ ကိုင် တွယ်မိပါက နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့ဆုံကာ ဆက်ဆံရေးတစ်ခုလုံး အန္တရာယ်ဇုန်ထဲ ရောက်သွားနိုင်ကြောင်း ထရန့်ကို သတိပေးခဲ့သည်။

သမ္မတ ထရန့်က အမေရိကန်သမ္မတလေယာဉ် (Air Force One) ပေါ်တွင် သတင်းထောက်များကို ပြန် လည်ပြောပြရာ၌ ရှီကျင့်ဖျင်သည် ထိုင်ဝမ်လွတ်လပ် ရေးကို ဆန့် ကျင်သည့် ၎င်း၏သဘောထားအပေါ် “အလွန်ပြတ်သားပြင်းထန်တဲ့ ခံစားချက်ရှိတယ်” ဟု ဆိုသည်။ ထို့ပြင် ထရန့်က သောကြာနေ့တွင် Fox News နှင့် အင်တာဗျူး၌ ၎င်းအနေဖြင့် ထိုင်ဝမ်နှင့်ပတ်သက်၍ “တစ်စုံတစ်ဦးကို လွတ် လပ်ရေးရအောင် လုပ်ပေးဖို့ မျှော်လင့်မနေဘူး” ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို တရားဝင်အသိအမှတ်မပြုသော်လည်း ကာကွယ်ရေးလက်နက်များ အစဉ်တစိုက် ပံ့ပိုးပေးခဲ့သည်။ သို့သော် လည်း လက်ရှိတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးသားဖြစ်သည့် ထိုင်ဝမ်သို့ ဒေါ်လာ ၁၁ ဘီလီယံတန် ကာကွယ်ရေးလက်နက်ပက်ကေ့ဂျ်အသစ်ကို လက်မှတ်ရေးထိုးရန် ရှိ၊ မရှိနှင့် ပတ်သက်၍ ထရန့်က ဆုံးဖြတ်ရခြင်းမရှိသေးဘဲ ဝေခွဲမရဖြစ်နေ သည်။
“ကျွန်တော် ဒါကို အတည်မပြုရသေးပါဘူး။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော် လုပ်ရင်လည်း လုပ်မယ်။ မလုပ်ရင်လည်း မလုပ်ဘူး” ဟု ထရန့်က လေသံပစ်ထားသည်။
တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် ထိုင်ဝမ်သမ္မတက ထိုင်ဝမ်-အမေရိကန် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် လက်နက်ရောင်းချမှုများသည် ဒေသတွင်း တည် ငြိမ်မှုကို ထိန်းသိမ်းရာတွင် သော့ချက်ကျသော အစိတ် အပိုင်းများ ဖြစ်ပြီး “ဒါဟာ ထိုင်ဝမ်အပေါ် အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တစ်ခုဖြစ်ရုံတင်မကဘဲ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက် ပြားအောင် လုပ် ဆောင်မှုတွေအပေါ် အရေးအကြီးဆုံး ဟန့်တားမှုစွမ်းအားလည်း ဖြစ်ပါတယ်”ဟု ဖော်ပြထား သည်။
#TaiwanSovereignty #WilliamLai #DonaldTrump #XiJinping #USChinaTensions #TaiwanStrait #PositiveAngleNews #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN