(ပြည်တွင်း) မေ ၁၀
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်သို့ သွားရောက်ကာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ လယ်ဝေးမြို့ အမှတ် (၅) ရပ်ကွက်ရှိ အင်တိုင်းသာကျောင်းတိုက်အတွင်း ဘုရားစေတီပုထိုးများနှင့် ကျောင်းဝင်းပတ်ဝန်းကျင်တွင် သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အင်တိုင်းသာကျောင်းတိုက် ပဓာနနာယက ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သိရသည်။


#PAN