ဘီးလင်းမြို့နယ်ရှိ စက်ရုံများ လည်ပတ်မှု စစ်ဆေး၊ စက်မှုလုပ်ငန်းများ တိုးတက်ရေး ညှိနှိုင်းဆောင်ရွက်

(ပြည်တွင်း) မေ ၁၀

မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းတွင် ဘီးလင်းမြို့နယ်ရှိ သကြားစက်ရုံ၊ တာယာစက်ရုံနှင့် အထပ်သားစက်ရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ဘီးလင်းသကြားစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူး ဦးမောင်မောင်က စက်ရုံအတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့သည်။ထို့နောက် အမှတ် (၂၂) အကြီးစားစက်ရုံ (ဘီးလင်း)၊ အမှတ် (၂) တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှု စက်ရုံနှင့် အလူးကျေးရွာရှိ ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံများသို့ သွားရောက်ခဲ့ပြီး စက်ရုံမန်နေဂျာများနှင့် တာဝန်ရှိသူများကို အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် စက်ရုံများ၏ လုပ်ငန်းလည်ပတ်နေမှုအခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီး ဦးဇေယျာဦးက လိုအပ်ချက်များကို မှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံများအတွင်း လည်ပတ်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

#PAN