ကလေးအစားအစာထဲတွင် ကြွက်သတ်ဆေးတွေ့ရှိမှုဖြင့် သြစတြီးယားရဲတပ်ဖွဲ့က အမျိုးသားတစ်ဦးကို ဖမ်းဆီး

(နိုင်ငံတကာ)မေ ၃

     ​​သြစတြီးယားနိုင်ငံတွင် နာမည်ကြီး ကလေးအစား အစာတံဆိပ်တစ်ခုအတွင်း ကြွက်သတ်ဆေးနှင့် အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများ ထည့်သွင်း ကာ ကုမ္ပဏီကို ငွေညှစ်ရန် ကြိုးပမ်းခဲ့သည့် အမျိုး သားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

​     ပြီးခဲ့သည့်လအတွင်း ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း အော်ဂဲနစ်ကလေးအစားအစာတံဆိပ်ဖြစ်သော HiPP ကုမ္ပဏီထုတ် အစားအစာဘူးအချို့တွင် ကြွက်သတ်ဆေးများ ပါဝင်နေသည်ကို သြစတြီးယား၊ ချက်သမ္မတနိုင်ငံနှင့် စလိုဗက်ကီးယားနိုင်ငံတို့တွင် တွေ့ရှိခဲ့ရသည်။ ကုမ္ပဏီဘက်ကမူ ယင်းမှာ ထုတ်လုပ် မှုအဆင့်တွင် ဖြစ်ပွားခြင်းမဟုတ်ဘဲ ၎င်းတို့ထံမှ ငွေညှစ်လိုသူတစ်ဦးက တမင်လုပ်ဆောင်ခဲ့သည့် “ရာဇဝတ်မှု” ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

​     သြစတြီးယားနိုင်ငံ အရှေ့ပိုင်း Burgenland ပြည် နယ်ရဲတပ်ဖွဲ့က ဤဖြစ်ရပ်နှင့် ပတ်သက်၍ သံသယရှိသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို တနင်္ဂနွေနေ့တွင် ဖမ်းဆီးခဲ့ကြောင်း အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Helmut Marban က စုံစမ်းစစ်ဆေးမှု နည်းဗျူဟာပိုင်းအရ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း လက်ရှိတွင် သံသယရှိသူအား ထိန်းသိမ်းထားနိုင်ပြီ ဖြစ် ကြောင်း ဆိုသည်။

​     အဆိပ်သင့်နေသည့် ကလေးအစားအစာများ တွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်များက HiPP ထုတ်ကုန်များအနက် ဘူးအောက်ခြေတွင် အနီရောင်စက်ဝိုင်းပါသော အဖြူရောင်စတစ်ကာ ကပ်ထားသည့် ဘူးများ၊ အဖုံးပျက်စီးနေသည့် ဘူးများ၊ လုံခြုံရေးတံဆိပ် မပါရှိသည့် ဘူးများနှင့် ထူးခြားသောအနံ့ထွက်နေသည့် ဘူးများကို ရှောင်ကြဉ်ကြရန် ပြည်သူများကို အသိပေးထားသည်။ ကြွက်သတ်ဆေး အဆိပ်သင့်ပါက ခန္ဓာ ကိုယ်အတွင်း ဗီတာမင် K စနစ်ကို ထိခိုက်စေပြီး ၂ ရက်မှ ၅ ရက်အတွင်း သွေးထွက်ခြင်း၊ ဖြူဖျော့ခြင်းနှင့် အားနည်းခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အရေးပေါ် ဆေးကုသမှုခံယူရန် နှိုးဆော်ထားသည်။

    ယခုအခါ အဆိုပါ HiPP ကုမ္ပဏီသည် ဈေးကွက်အတွင်းရှိ သံသယဖြစ်ဖွယ် ထုတ်ကုန်အချို့ကို ပြန် လည်သိမ်းဆည်းထားပြီး ဖြစ်သည်။

​#AustriaPolice #HiPP #BabyFoodSafety #ProductRecall #Extortion #FoodPoisoning #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN