ပြင်ဦးလွင်တွင် အင်အားအနည်းငယ်ရှိ ငလျင်တခု လှုပ်ခက်ခဲ့

(မိုးဇလ)မေ ၃

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့ကိုဗဟိုပြုပြီး အင်အား အနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

ယနေ့ မေ ၃ ရက်ညနေ ၆နာရီခွဲကျော်အချိန်က ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်းကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ငလျင်သည် မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင်အမှတ်စဥ်-၂၉၈ဖြစ်သည်။

#PAN