
(နိုင်ငံတကာ)မေ ၂
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ခတ်နေပြီး အမေရိကန်ပြည်တွင်း၌လည်း လူနေမှုစရိတ် မြင့်မားလာမှုအပေါ် စိုးရိမ်မှုများ တိုးပွားလာနေစဉ်၊ အီရန်အပေါ် စစ်ရေးအရ အရေးယူခဲ့သည့် ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း အမေရိကန်ပြည်သူ အများစုက ယုံကြည်နေကြသည်ဟု စစ်တမ်းအသစ်တစ်ခုအရ သိရသည်။
သောကြာနေ့က ထုတ်ပြန်ခဲ့သည့် Washington Post-ABC-Ipsos စစ်တမ်းအရ ဖြေဆိုသူ ၆၁ ရာခိုင် နှုန်းက အီရန်အပေါ် စစ်အင်အားသုံးခြင်းမှာ မှားယွင်းကြောင်း ယူဆကြပြီး ၃၆ ရာခိုင်နှုန်းကသာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုကြသည်။
ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က စတင်ခဲ့သည့် ဤစစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းတစ်လွှား လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ ထိုးတက်သွားခဲ့သည်။ ယခုစစ်တမ်းသည် ယင်းစစ်ပွဲအပေါ် လူထုထောက်ခံမှု နည်းပါးနေကြောင်း ဖော်ပြသည့် နောက်ဆုံးထွက်ပေါ် လာသော စစ်တမ်းလည်း ဖြစ်သည်။
ဓာတ်ဆီစျေးနှုန်း မြင့်တက်မှုကြောင့် ၎င်းတို့၏ နေ ထိုင်မှုပုံစံကို ပြောင်းလဲခဲ့ရခြင်း ရှိ၊ မရှိ မေးမြန်းရာတွင် ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက ကားမောင်းခြင်းကို လျှော့ ချခဲ့ရသည်ဟု ဆိုကြပြီး ၄၂ ရာခိုင်နှုန်းက အိမ်ထောင် စုအသုံးစရိတ်များကို လျှော့ချခဲ့ရသည်ဟု ဆိုသည်။ တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာ ၅၀,၀၀၀ အောက်သာရှိသော မိသားစုများတွင်မူ ယင်းကဲ့သို့ လျှော့ချခဲ့ရသည့်နှုန်းမှာ ၅၆ ရာခိုင်နှုန်းနှင့် ၅၉ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။
စီးပွားရေးပြဿနာများနှင့် လူနေမှုစရိတ် မြင့်မားလာမှုအပေါ် မဲဆန္ဒရှင်များ၏ စိတ်ပျက်မှုများကြောင့် သမ္မတ ဒေါ်နယ်ထရန့်၏ လူထုထောက်ခံမှုနှုန်းမှာလည်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။
ဤစစ်ပွဲသည် မလိုအပ်သော ပြည်ပစစ်ပွဲများတွင် ပါဝင်ပတ်သက်မည်မဟုတ်ဟူသော ထရန့်၏ ရွေး ကောက်ပွဲကတိကဝတ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ရှုမြင်ကြပြီး ဖြေဆိုသူ ၄၆ ရာခိုင်နှုန်းက အီရန်ကို တိုက်ခိုက်သည့် ဆုံးဖြတ်ချက်မှာ ထရန့်၏ မူလရပ် တည်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း ပြောကြားခဲ့ကြသည်။
အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးမှုမှာ အခြားစစ်ပွဲများနှင့် ယှဉ်လျှင် နည်းပါးနေသော်လည်း ယခုအီရန် စစ်ပွဲသည် ၂၀၀၆ ခုနှစ်ဝန်းကျင်က အီရတ်စစ်ပွဲနှင့် ၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလ ဗီယက်နမ်စစ်ပွဲများကဲ့သို့ပင် လူထုအကြား ရေပန်းစားမှုမရှိကြောင်း စစ်တမ်းတွင် တွေ့ရှိရသည်။ စစ်ဆင်ရေး အောင်မြင်မှု ရှိ၊ မရှိ မေးမြန်းရာတွင် ၃၉ ရာခိုင်နှုန်းက မအောင်မြင်ကြောင်း၊ ၁၉ ရာခိုင်နှုန်းက အောင်မြင်ကြောင်းနှင့် ၄၁ ရာခိုင်နှုန်းကမူ ပြောရန် စောလွန်းသေးကြောင်း ဖြေ ကြားခဲ့ကြသည်။
သို့သော်လည်း ထရန့်၏ ရီပတ်ဘလစ်ကန်ပါတီဝင်များအကြားတွင်မူ စစ်ပွဲအပေါ် ထောက်ခံမှုမှာ အား ကောင်းနေဆဲဖြစ်သည်။ ရီပတ်ဘလစ်ကန် ၈၀ ရာခိုင် နှုန်းနီးပါးက အီရန်ကို တိုက်ခိုက်သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့ကြသော်လည်း စစ်ဆင် ရေး အောင်မြင်မှု ရှိ၊ မရှိနှင့် ပတ်သက်၍မူ အောင်မြင်သည် သို့မဟုတ် ပြောရန် စောလွန်းသေးသည်ဟု နှစ်ဖက်ကွဲပြားနေကြသည်။
#USPoll #IranWar #DonaldTrump #GasPrices #Inflation #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN